Isaiah 30:17
သင်တို့သည် တောင် ထိပ် ပေါ် မှာ စိုက်သောမှတ်တိုင် ကဲ့သို့ ၎င်း ၊ ကုန်း ပေါ်မှာထူသော အလံကဲ့သို့ ၎င်း ဖြစ် ရသည်တိုင်အောင် ၊ တ ယောက်သောသူသည် ခြိမ်း လျှင်၊ တ ထောင် သောသူတို့သည် ပြေးကြလိမ့်မည်။ ငါး ယောက်ခြိမ်း လျှင်၊ တသောင်းပြေး ကြလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Leviticus 26:8သင် တို့တွင် လူငါး ယောက်သည်၊ ရန်သူတရာ ကို လိုက် လိမ့်မည်။ လူတရာ သည် ရန်သူ တ သောင်းကို ပြေး စေ၍ ၊ ထား လက်နက်ဖြင့် အောင် ကြလိမ့်မည်။
Leviticus 26:36ရန်သူ ပြည် မှာ ကျန် ကြွင်းသော သင် တို့စိတ် နှလုံးထဲ သို့၊ ထိတ်လန့် သော သဘောကို ငါပေးသွင်း သဖြင့် ၊ သစ်ရွက် လှုပ်သံ ကြောင့် သင်တို့သည် ကြောက်၍၊ ထား ဘေးမှ ပြေး သကဲ့သို့ပြေးကြလိမ့်မည်။ အဘယ်သူမျှ မ လိုက် သော်လည်းလဲ ကြလိမ့်မည်။
Deuteronomy 32:30သူ တို့ခိုလှုံစရာကျောက် သည် သူ တို့ကိုမ ရောင်း ၊ ထာဝရဘုရား သည် သူ တို့ကို အပ် တော်မမူလျှင် ၊ လူတယောက် သည် လူတထောင် ကို အဘယ်သို့ နှင်နိုင်မည်နည်း။ လူနှစ် ယောက်သည် လူတသောင်း ကို အဘယ်သို့ပြေး စေနိုင်မည်နည်း။
Nehemiah 1:2ငါ့ ညီ ဟာနန် နှင့် ယုဒ လူ အချို့တို့သည် ရောက် လာ၍ ၊ ငါသည် သိမ်း သွားခြင်းကို ခံရသောယုဒ လူစုထဲက လွတ် သောသူတို့ ၏ အကြောင်း အရာနှင့် ၊ ယေရုရှလင် မြို့၏ အကြောင်း အရာကို မေးမြန်း လျှင်၊
Isaiah 1:7သင် တို့ပြည် သည် လူဆိတ်ညံ လျက်ရှိ၏။ သင် တို့မြို့ များကို မီးလောင် ပြီ။ သင် တို့မြေ ကိုလည်း တကျွန်း တနိုင်ငံသားတို့သည် သင် တို့မျက်မှောက် ၌ စား ကြ၏။ ရန်သူ ဖျက် ပြီးသကဲ့သို့ ၊ လူဆိတ်ညံ လျက်ရှိ၏။
Isaiah 6:13ထိုပြည်၌ ဆယ် ဘို့တွင်တဘို့ ကြွင်းသေးသော်လည်း ၊ ထိုအကြွင်းသည် အထပ်ထပ် ဖျက်ဆီး ခြင်းကို ခံ ရ လိမ့်မည်။ သို့ရာတွင်၊ ထင်းရူး ပင်နှင့် သပိတ် ပင်တို့ကို ခုတ်လှဲ ၍၊ သစ်ငုတ် သည် ကြွင်းသကဲ့သို့ ၊ သန့်ရှင်း သော အနွယ် သည် ထိုပြည်၌ အငုတ် ဖြစ်လိမ့်မည်ဟု မိန့် တော်မူ ၏။