Isaiah 19:3
အဲဂုတ္တု ပြည်၏ စိတ် သည် သူ ၏အထဲ မှာ ပျက် လိမ့်မည်။ သူ ၏အကြံ ကိုလည်း ငါဖျက် မည်။ သူတို့သည် ရုပ်တု တို့၌၎င်း ၊ ပြုစား သောသူတို့၌ ၎င်း ၊ နတ်ဝင်နှင့် စုန်း တို့၌၎င်း ဆည်းကပ် ကြလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
1 Samuel 25:37မိုဃ်းလင်း ၍ နာဗလ သောက်သော စပျစ်ရည် အရှိန်ကုန် သောအခါ ၊ ထို အမှု များကို မယား ပြော သဖြင့် သူသည်နှလုံး သေ ၍ ကျောက် ကဲ့သို့ ဖြစ် ၏။
2 Samuel 17:14အဗရှလုံ နှင့် ဣသရေလ အမျိုးသား အပေါင်း တို့က၊ အာခိ လူဟုရှဲ ပေးသော အကြံ သည်အဟိသောဖေလ ပေးသောအကြံ ထက် သာ၍ ကောင်း သည်ဟု ပြောဆို ကြ၏။ အကြောင်းမူကား ၊ ထာဝရဘုရား သည် အဗရှလုံ ၌ ဘေး ရောက် စေခြင်းငှါ ၊ အဟိသောဖေလ ပေးသော အကြံ ကောင်း ကို ဖျက် စေမည်အကြောင်း စီရင် တော်မူ၏။
2 Kings 1:2အာခဇိ မင်းသည် ရှမာရိ မြို့၌ အထက် အခန်း ပြတင်းပေါက် မှ ကျ ၍ နာ နေသောကြောင့် ၊ ငါသည် ဤ အနာ မှာ ထမြောက် မည်လောဟု ဧကြုန် မြို့၏ ဘုရား ဗာလဇေဗုပ် သို့ သွား ၍ မေးမြန်း ကြဟု မှာ ထား၍ သံတမန် တို့ကို စေလွှတ် လေ၏
2 Chronicles 25:16ရှင် ဘုရင်က၊ သင်သည်တိုင်ပင် မှုးမတ်ဖြစ် သလော ။တိတ်ဆိတ်စွာနေလော့။ အဘယ်ကြောင့် ရာဇဝတ်ခံချင်သနည်းဟုဆိုသော်၊ ပရောဖက် က၊ မင်းကြီးသည် ငါ ပေးသောသတိ စကားကို နား မ ထောင်၊ ဤ အမှုကို ပြု မိသောကြောင့် ၊ ဘုရားသခင် သည် မင်းကြီး ကို ဖျက်ဆီး မည် ကြံ တော်မူသည် ကို ငါသိ မြင်သည်ဟု ပြောဆို ပြီးလျှင် တိတ်ဆိတ်စွာ နေလေ၏။
Job 5:13ပညာ ရှိတို့ကို သူ တို့၏ပရိယာယ် အားဖြင့် ဘမ်းဆီး တော်မူ၏။ လှည့်စားတတ်သောသူတို့၏ တိုင်ပင် ခြင်း ကို အချည်းနှီး ဖြစ်စေတော်မူ၏။
Psalms 107:27တလည်လည် သွားလျက် ယစ်မူး သော သူကဲ့သို့ တိမ်းယိမ်း လျက်နေ၍ ဉာဏ် တိမ် မြုပ်ခြင်းရှိကြ၏။