Isaiah 2:7
သူ တို့ပြည် သည် ရွှေ ငွေ နှင့်ကြွယ်ဝ ၍ ၊ ဥစ္စာ ပစ္စည်း အတိုင်း မသိများ၏။ သူ တို့ပြည် သည် မြင်း နှင့် ကြွယ်ဝ ၍ ၊ မြင်းရထား အတိုင်း မသိများ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Deuteronomy 17:16ထိုရှင်ဘုရင်သည် ကိုယ် အဘို့ များစွာ သော မြင်း တို့ကို မ မွေးရ။ မြင်း များပြား စေခြင်းငှာ အဲဂုတ္တု ပြည်သို့ လူ ကို မ ပြန် စေရ။ အကြောင်း မူကား၊ ထို လမ်း သို့ မ ပြန် မသွားရဟု ထာဝရဘုရား အမိန့် တော်ရှိ၏။
1 Kings 10:21ရှောလမုန် မင်းကြီး သောက် သော ဖလား တော် ရှိသမျှ နှင့် လေဗနုန် နန်း တော်၌ သုံးသောဖလား တော် ရှိသမျှ တို့သည် ငွေ ဖလားမ ဟုတ် ရွှေ ဖလားသက်သက်ဖြစ်၏။ ရှောလမုန် လက်ထက် ၌ ငွေကို အလျှင်းပမာဏ မ ပြုတတ်ကြ။
Job 3:15မြို့ပျက် တို့ကို ပြင်ဆင် ပြုစုသော လောကီ ရှင်ဘုရင် ၊ မှူးမတ် တို့နှင့်၎င်း၊ ရွှေ ကိုရတတ်၍ ဘဏ္ဍာတိုက် ၌ ငွေ ကိုအပြည့် သိုထားသောမင်းတို့နှင့်၎င်း ငါငြိမ်းရပြီ။
Isaiah 30:16ငါတို့သည် ထိုသို့မ နေ၊ မြင်း စီး ၍ ပြေး မည်ဟု ဆို သောကြောင့် ၊ သူတပါးတို့သည် သင်တို့ကို ပြေး စေမည်။ ငါတို့သည် လျင်မြန် စွာ စီး သွားမည်ဟု ဆိုသောကြောင့် ၊ သင် တို့ကို လိုက် သောသူတို့သည် လျင်မြန် ကြ လိမ့်မည်။
Jeremiah 5:27ငှက်ထောင် အိမ်သည် ငှက် တို့နှင့် ပြည့် သကဲ့သို့ ၊ သူ တို့အိမ် သည် လှည့်စားခြင်းပရိယာယ် နှင့်ပြည့် ၏။ ထိုသို့သူတို့သည် အားတိုးပွါး ၍ ရတတ် ခြင်းသို့ ရောက် ကြ၏။
Micah 5:10ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို ကာလ ၌ သင် ၏မြင်း တို့ကို သင့် အလယ် က ငါပယ်ရှင်း ၍ ၊ သင် ၏ ရထား တို့ကိုလည်း ဖျက်ဆီး မည်။