Isaiah 22:25
ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို ကာလ တွင် မြဲ သောအရပ် ၌ အရင်စွဲ သောတံစို့ သည် နေရာမှရွှေ့ ၍ ၊ ခုတ် လှဲခြင်းကိုခံရလိမ့်မည်။ သူ ၌ ဆွဲထားသော ဥစ္စာ သည်လည်း ၊ ခုတ် ပယ်ခြင်းကိုခံရလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Esther 9:5ထိုနေ့တွင် ယုဒ လူတို့သည် ရန်သူ အပေါင်း တို့ကို ထား နှင့်လုပ်ကြံ သတ်ဖြတ် ဖျက်ဆီး ၍ ၊ မနာလို သောသူတို့ ၌ ပြုချင်သမျှပြု ကြ၏။
Psalms 52:5အကယ် စင်စစ်ဘုရား သခင်သည် သင့် ကို အစဉ် အမြဲချိုးဖျက် ပယ်ရှင်းလျက် ၊ သင် ၏နေရာ ထဲက နှင်ထုတ် ၍ ၊ အသက် ရှင်သောသူတို့၏ နေရာ ထဲက နှုတ် ပစ်တော်မူမည်။
Isaiah 22:15ကောင်းကင်ဗိုလ်ခြေ သခင် အရှင်ထာဝရ ဘုရား မိန့် တော်မူသည်ကား၊ ဘဏ္ဍာ တော်စိုး၊ နန်းတော် အုပ် ရှေဗန အိမ်သို့ သွား ပြီးလျှင်၊
Isaiah 46:11ဝေး သောအရပ် ၊ အရှေ့ မျက်နှာမှ ငါ၏လက်ထောက် တည်းဟူသောငှက်ရဲ ကို ခေါ် လျက်၊ ငါသည် ဘုရားသခင်ဖြစ်၏။ ငါနှင့်တူသောသူ မည်မျှမရှိ။ ငါသည် နှုတ်ထွက် အတိုင်း ပြု မည်။ ကြံ သည်အတိုင်း စီရင် မည်။
Jeremiah 4:28ထိုကြောင့် ၊ မြေကြီး သည် ညည်းတွား လိမ့်မည်။ မိုဃ်း ကောင်းကင်လည်း နက် လိမ့်မည်။ ငါသည် ပြော ပြီးမှ နောင်တ မ ရှိ။ ကြံ ပြီးမှ အကြံ မ ပျက်ရ။
Ezekiel 5:13ထိုသို့ ငါအမျက်အလို ပြည့်စုံလိမ့်မည်။ ငါ့ ဒေါသ အရှိန် ကို သူ တို့အပေါ် မှာ တည်စေပြီးမှ၊ ငါ့ စိတ် ပြေ လိမ့်မည်။ သူ တို့၌ ငါ့ဒေါသ စိတ်အလို ကိုပြည့်စုံစေသောအခါ ၊ ငါ ထာဝရဘုရား သည် စိတ် အားကြီး၍ မိန့် တော်မူကြောင်း ကို သူတို့သိရ ကြလိမ့်မည်။