The Bible Software
Isaiah · မြန်မာကျမ်းစာ

Isaiah 22

1ဗျာဒိတ် ရူပါရုံချိုင့် နှင့် ဆိုင်သော ဗျာဒိတ် တော် ကား၊ သင့် တမြို့လုံး သည် အိမ်မိုး ပေါ် သို့ တက် ရမည် အကြောင်း ၊ အဘယ် အမှု ရောက်သနည်း။

2အထက်က အသံ ဗလံများ ၍ အုတ်အုတ် ကျက်ကျက်ပြုတတ်သောမြို့ ၊ ရွှင်လန်း သောမြို့ ၊ သင်၏ လူသေ တို့သည် ထား လက်နက်ကြောင့် ဆုံး ကြသည်မ ဟုတ်။ စစ် တိုက်ရာမှာ သေ ကြသည် မ ဟုတ်။

3သင် ၏ မင်း အပေါင်း တို့သည် အတူ ပြေး ကြ၏။ လေး သမားတို့ လက်၌ ချည်နှောင် လျက်ရှိကြ၏။ တွေ့ သမျှ သောသင် ၏ လူတို့သည် အဝေး သို့ ပြေး သော်လည်း၊ အတူ ချည်နှောင် လျက်ရှိကြ၏။

4ထိုကြောင့် ငါဆို သည်ကား၊ ငါ့ ကိုမကြည့် ပါနှင့်။ ပြင်း စွာငို ရမည်။ ငါ့ အမျိုး သတို့သမီး ပျက်စီး သည်ဖြစ်၍၊ ငါ့ စိတ် ပြေစေခြင်းငှါ မ ကြိုးစား ပါနှင့်။

5ကောင်းကင်ဗိုလ်ခြေ သခင် အရှင်ထာဝရဘုရား သည်၊ ဗျာဒိတ် ရူပါရုံချိုင့် တွင် စီရင်တော်မူသဖြင့် ၊ ဒုက္ခခံ ရာကာလ ၊ နှိပ်စက် နှောင့်ရှက် ရာကာလ၊ မြို့ရိုး ကို ဖြို ၍ တောင် တို့ကို အော်ဟစ် ရာကာလသည် ရောက်လေပြီ။

6ဧလံ အမျိုးသည် မြှားတောင့် ကို ဆောင် လျက်၊ ရထား စီးသူရဲ ၊ မြင်း စီးသူရဲ တို့နှင့်တကွ လာ၏။ ကိရ အမျိုးသည် ဒိုင်း လွှားကို ထုတ် လေ၏။

7သင် ၏ အမြတ်ဆုံးသော ချိုင့် တို့သည် ရထား နှင့် ပြည့် ကြ၏။ မြင်း စီးသူရဲတို့သည် မြို့တံခါး ရှေ့ မှာ တပ် ချ ကြ၏။

8ယုဒ ပြည်ကို ဖွင့်လှစ် သည် ဖြစ်၍ ၊ သင်သည် ထို အခါ လက်နက် စုံ သိုထားရာ၊ တော နန်း တော်သို့ ကြည့် ရှုလိမ့်မည်။

9ဒါဝိဒ် ၏မြို့ အပြို အပျက်များ သည်ကို သင်၏ လူတို့သည် မှတ် ရကြလိမ့်မည်။ အောက် ရေကန် မှထွက် သော ရေ ကို စုဝေး စေကြလိမ့်မည်။

10ယေရုရှလင် မြို့၌ ရှိသောအိမ် များကို ရေတွက် ကြလိမ့်မည်။ မြို့ရိုး ကို ပြုပြင် လိုသောငှါ ၊ အိမ် များကို ဖြိုဖျက် ကြလိမ့်မည်။

11ရေကန် ဟောင်း မှထွက်သော ရေ စုဝေးရာကို လည်း၊ မြို့ရိုး နှစ်ထပ်စပ်ကြား တွင် လုပ် ကြလိမ့်မည်။ သို့ရာတွင် ၊ ဤအမှု ကို စီရင် တော်မူသောသူကို သင်တို့သည် မ ကြည့် မမှတ် တတ်ကြ။ ရှေး က ဖန်ဆင်း တော်မူသောသူကို ပမာဏ မ ပြု တတ်ကြ။

12ထို ကာလ ၌ ငိုကြွေး မြည်တမ်း ခြင်း၊ ဆံပင် ကို ပယ်ဖြတ်ခြင်း၊ လျှော်တေ အဝတ်ကို ဝတ် စည်းခြင်း အလိုငှါ ၊ ကောင်းကင်ဗိုလ်ခြေ သခင် အရှင်ထာဝရဘုရား သည် နှိုးဆော် တိုက်တွန်းတော်မူသော်လည်း၊

13ကြည့် ပါ။ ဝမ်းမြောက် ရွှင်လန်း ခြင်းအမှု၊ သိုး နွား များကိုသတ် ခြင်း၊ အမဲသား စား ခြင်း၊ စပျစ်ရည် သောက် ခြင်း အမှုကို ပြုလျက်၊ ငါတို့သည် စား ကြကုန်အံ့၊ သောက် ကြကုန်အံ့၊ နက်ဖြန် သေ ရ ကြမည်ဟု ပြောဆို ကြသည် တကား။

14ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား သည် ငါ့ နား ၌ ဗျာဒိတ် ပေးတော်မူသည်ကား၊ အကယ် စင်စစ်သင် တို့အပြစ် သည် သင်တို့မသေ မချင်းတိုင်အောင် မ ပြေ မရှင်းရဟု ကောင်းကင်ဗိုလ်ခြေ သခင် အရှင်ထာဝရ ဘုရား မိန့် တော်မူ၏။

15ကောင်းကင်ဗိုလ်ခြေ သခင် အရှင်ထာဝရ ဘုရား မိန့် တော်မူသည်ကား၊ ဘဏ္ဍာ တော်စိုး၊ နန်းတော် အုပ် ရှေဗန အိမ်သို့ သွား ပြီးလျှင်၊

16မြင့် သော အရပ်၌ ကိုယ် သင်္ချိုင်း တွင်းကို ထွင်း ၍၊ ကိုယ် နေရာ ကို ကျောက် ၌ ထုလုပ် သောသူ၊ သင်သည် ဤ အရပ်၌ သင်္ချိုင်း တွင်းကို ကိုယ် အဘို့ ထွင်း စေခြင်းငှါ ၊ ဤ အရပ် နှင့် အဘယ် သို့ဆိုင်သနည်း။

17ထာဝရဘုရား သည် ပြင်းစွာ သော နှင်ထုတ် ခြင်း ဖြင့် သင့် ကို နှင်ထုတ် တော်မူလိမ့်မည်။ သင့် ကို အမှန် ကိုင် ဘမ်း၍၊

18တလိမ့်လိမ့် လှိမ့် လျက်၊ လောက်လွှဲစာကဲ့သို့ ကျယ် သောပြည် သို့ ပစ်လိုက်တော်မူလိမ့်မည်။ သင်သည် ထို ပြည်၌ သေ ရလိမ့်မည်။ ထို ပြည်၌ လည်း သင် ၏ ကြက်သရေ ရထား တို့သည်၊ သင့် အရှင် ၏ အမျိုး အရှက်ကွဲ စရာ ဖြစ်ရကြလိမ့်မည်။

19ငါသည်လည်း သင် ၏ အရာ ကို နှုတ် မည်။ သင် ၏ နေရာ မှ သင့် ကိုချ မည်။

20ထို ကာလ ၌ ငါ့ ကျွန် ၊ ဟိလခိ ၏ သား ဧလျာကိမ် ကို ငါခေါ် ၍၊

21သင် ၏ဝတ်လုံ နှင့် ဝတ်ဆင် စေမည်။ သင် ၏ ခါးစည်း နှင့် ချီးမြှောက် ၍ ၊ သင် ၏ အစိုးရ သောအခွင့်ကို အပ် ပြီးလျှင် ၊ သူသည် ယေရုရှလင် မြို့သူ၊ ယုဒ အမျိုးသား တို့၏ အဘ ဖြစ် လိမ့်မည်။

22ဒါဝိဒ် မင်းမျိုး ၏ တံခါးသော့ ကိုသူ ၏ ပခုံး ပေါ် မှာ ငါတင် ထားသဖြင့် ၊ သူသည် အဘယ် သူမျှမပိတ် နိုင် အောင် ဖွင့် လိမ့်မည်။ အဘယ်သူမျှမ ဖွင့် နိုင်အောင် ပိတ် လိမ့်မည်။

23မြဲ သော အရပ် ၌ စွဲသောတံစို့ ကဲ့သို့သူ့ ကိုငါစွဲ စေမည်။ သူသည် မိမိ အဘ ၏ အိမ် ၌ ကြက်သရေ ပလ္လင် ဖြစ် လိမ့်မည်။

24သူ ၏ အဘ အိမ် ၌ ရှိသမျှ သော ဘုန်း အသရေ၊ အမျိုး အနွယ်၊ အမြတ်အယုတ် ၊ ခွက်ဖလားရှိသမျှ ၊ အင်တုံ ၊ အိုး အမျိုးမျိုး တို့ကို သူ ၌ ဆွဲ ထားကြလိမ့်မည်။

25ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို ကာလ တွင် မြဲ သောအရပ် ၌ အရင်စွဲ သောတံစို့ သည် နေရာမှရွှေ့ ၍ ၊ ခုတ် လှဲခြင်းကိုခံရလိမ့်မည်။ သူ ၌ ဆွဲထားသော ဥစ္စာ သည်လည်း ၊ ခုတ် ပယ်ခြင်းကိုခံရလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ ၏။

← Isaiah 21Read In The App, Free →Isaiah 23 →

Study Isaiah 22

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566