Isaiah 22:6
ဧလံ အမျိုးသည် မြှားတောင့် ကို ဆောင် လျက်၊ ရထား စီးသူရဲ ၊ မြင်း စီးသူရဲ တို့နှင့်တကွ လာ၏။ ကိရ အမျိုးသည် ဒိုင်း လွှားကို ထုတ် လေ၏။
မြန်မာကျမ်းစာ
In The King James Version
And Elam bare the quiver with chariots of men and horsemen, and Kir uncovered the shield.
In Context
Cross References
Genesis 10:22ရှေမ သား ကား၊ ဧလံ ၊ အာရှရ ၊ အာဖါဇဒ် ၊ လုဒ ၊ အာရံ တည်း။
Isaiah 11:11ထို ကာလ ၌ ထာဝရဘုရား သည် လက် တော်ကို ဆန့်၍၊ ကျန် ကြွင်းသော ကိုယ်တော် ၏ လူ တို့ကိုအာရှုရိ ပြည်၊ အဲဂုတ္တု ပြည်၊ ပါသရု ပြည်၊ ကုရှ ပြည်၊ ဧလံ ပြည်၊ ရှိနာ ပြည်၊ ဟာမတ် ပြည်၊ ပင်လယ် တဘက်၌ရှိသောပြည် များတို့မှ ကယ် ယူခြင်းငှါ တဖန် ပြု တော်မူလိမ့်မည်။
Isaiah 21:2ကြောက်မက် ဘွယ်သော ရူပါရုံ ကို ငါ မြင် ရ၏။ လုယူ တတ်သောသူသည် လုယူ ၏။ ဖျက်ဆီး တတ်သောသူသည် ဖျက်ဆီး ၏။ ဧလံ ပြည်သားတို့၊ တက် သွားကြလော့။ မေဒိ ပြည်သားတို့၊ မြို့ကိုဝိုင်း ထားကြလော့။ ထိုမြို့ကြောင့်၊ သူတပါးညည်းတွား ခြင်းရှိသမျှ ကို ငါငြိမ်း စေ၏။
Amos 1:5ဒမာသက် မြို့ တံခါးကန့်လန့်ကျင် တို့ကိုချိုး မည်။ အာဝင်ချိုင့် သား တို့ကို၎င်း၊ ဗေသေဒင် မြို့၌ မင်း ပြုသောသူတို့ ကို၎င်း ပယ်ဖြတ် မည်။ ရှုရိ ပြည်သား တို့သည် ကိရ မြို့သို့ သိမ်း သွားခြင်းကိုခံရကြမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။