Isaiah 23:17
အနှစ် ခုနစ်ဆယ် လွန် သောအခါ ၊ ထာဝရဘုရား သည် တုရု မြို့ကို အကြည့်အရှု ကြွလာတော်မူလိမ့်မည်။ သူ သည်လည်း တဖန်အမြတ် ရသောဘာသာသို့ လိုက်ပြန် ၍ ၊ မြေကြီး မျက်နှာ ပေါ် မှာ ရှိသမျှ သော လောကီ နိုင်ငံ တို့ နှင့် မတရားသော မေထုန် ကိုပြုလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Jeremiah 25:11ဤ ပြည် တရှောက် လုံးသည် လူဆိတ်ညံ ရာ၊ အံ့ဩဘွယ် ရာ ဖြစ် လိမ့်မည်။ ဤ လူမျိုး တို့သည် အနှစ် ခုနစ်ဆယ် ပတ်လုံးဗာဗုလုန် ရှင်ဘုရင် ၏ အမှုကို ဆောင်ရွက် ရကြလိမ့်မည်။
Ezekiel 16:26ဆူဖြိုး သောသင် ၏အိမ်နီးချင်း အဲဂုတ္တု လူ တို့နှင့် မှားယွင်း ၍ ၊ ငါ့ အမျက် ကို နှိုးဆော်လျက် ၊ မ တရားသောမေထုန် အမှုတို့ကို များပြား စေ၏။
Ezekiel 22:13သို့ဖြစ်၍ ၊ သင်ဆည်းဖူး သောဥစ္စာ ၊ သင့် အလယ် ၌ သွန်းသော အသွေး ကြောင့် ငါလက်ခုပ်တီး ၏။
Hosea 12:7သူသည် ကုန်သည် ဖြစ်၏။ စဉ်းလဲ သော ချိန်ခွင် ကို ကိုင် တတ်၏။ သူတပါးကို ညှဉ်းဆဲ ခြင်းငှါ အလိုရှိ ၏။
Micah 3:11မင်း တို့သည် လက်ဆောင် ကို ရခြင်းငှါသာ တရားမှုကို စီရင် တတ်ကြ၏။ ယဇ် ပုရောဟိတ်တို့သည် အခ ကို ရခြင်းငှါသာ သင် ပေးတတ်ကြ၏။ ပရောဖက် တို့ သည် ငွေ ကို ရခြင်းငှါသာ အနာဂတ်ကို ဟော တတ်ကြ၏။ သို့သော်လည်း ၊ ထာဝရဘုရား ကို ခိုလှုံ လျက်၊ ထာဝရဘုရား သည် ငါ တို့တွင် ရှိတော်မူသည်မ ဟုတ်လော၊ ဘေး ဥပဒ် မ ရောက် နိုင်ဟု ဆို တတ်ကြသည်တကား။
Zephaniah 2:7ပင်လယ်ကမ်း သည်လည်း ကျန် ကြွင်းသော ယုဒ အမျိုးသား တို့အဘို့ ဖြစ် ၍၊ သူတို့သည် ထိုအရပ် ၌ ကျက်စား ကြလိမ့်မည်။ ည အချိန်၌ လည်း အာရှကေလုန် မြို့ရာအိမ် တို့၌ အိပ် ကြလိမ့်မည်။ သူ တို့၏ ဘုရား သခင်ထာဝရဘုရား သည် သူ တို့ကို အကြည့် အရှုကြွလာ၍ ၊ သိမ်း သွားခြင်းဘေးကို ပယ်ရှင်း တော်မူလိမ့်မည်။