Isaiah 24:18
ကြောက်လန့် ဘွယ်သော အရာ မှ ပြေး သောသူသည် မြေတွင်း ထဲသို့ ကျ လိမ့်မည်။ မြေတွင်း မှ လွတ် သောသူသည် ကျော့ကွင်း ၌ ကျော့မိ လိမ့်မည်။ ကောင်းကင် ပြွန် ဝပွင့် လျက်ရှိ၍ ၊ မြေကြီး အမြစ် လည်း လှုပ်ရှား လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
17အိုပြည် သား ၊ သင် သည် ကြောက်လန့် ဘွယ် သောအရာ မြေတွင်း ၊ ကျော့ကွင်း ထဲသို့ ရောက်လေပြီ။
Cross References
Genesis 19:24ထိုအခါ ထာဝရဘုရား သည် ကောင်းကင် ထက် ၊ အထံတော်မှ သောဒုံ မြို့နှင့် ဂေါမောရ မြို့အပေါ် သို့ ကန့် နှင့် မီး မိုဃ်း ကို ရွာစေတော်မူ၏။
Joshua 10:10ထာဝရဘုရား သည် သူ တို့ကို ဣသရေလ အမျိုးသားရှေ့ မှာ ရှုံး စေ၍ ၊ ဂိဗောင် မြို့အနား မှာ ကြီးစွာ သော လုပ်ကြံ ခြင်းအားဖြင့်သတ် ၍ ၊ ဗေသောရုံ မြို့သို့ သွား သော လမ်း ၌ လိုက် လျက်၊ အဇေကာ မြို့၊ မက္ကဒါ မြို့တိုင်အောင် လုပ်ကြံ တော်မူ၏။
2 Kings 7:2ရှင်ဘုရင် မှီ ခြင်းကို ခံရသောအမတ် က၊ ထာဝရဘုရား သည် မိုဃ်း ကောင်းကင်၌ ပြတင်းပေါက် တို့ကို ဖွင့်လှစ် တော်မူလျှင် ၊ ထိုသို့ ဖြစ် နိုင်ကောင်းသည်ဟု ဘုရား သခင် ၏လူ အားဆို သော်၊ ဘုရားသခင်၏လူက၊ သင် သည် ကိုယ် မျက်စိ နှင့် မြင် ရသော်လည်း မ စား ရဟု ပြန်ပြော ၏
Job 20:24သံ လက်နက် ကိုရှောင် ၍ ပြေးသော်လည်း၊ ကြေးဝါ လေး ဖြင့် ထုတ်ချင်း ခွင်းလိမ့်မည်။
Psalms 18:8နှာခေါင်း တော်ထဲ က မီးခိုး ထွက် ၍ ၊ နှုတ် တော် ထဲ က မီး လောင်သောအားဖြင့်၊ မီးခဲ တောက် လေ၏။
Psalms 46:2ထိုကြောင့် ပထဝီမြေကြီး သည် ရွေ့ သွား၍ တောင် များတုန်လှုပ်လျက် သမုဒ္ဒရာ သို့ ကျ သော်လည်း၊ ငါတို့သည် ကြောက်လန့် ခြင်းမ ရှိ။