The Bible Software
Isaiah · မြန်မာကျမ်းစာ

Isaiah 24

1ကြည့် ရှုလော့။ ထာဝရဘုရား သည် ပြည် တော်ကို လွတ်လပ်စေ၍ ပယ်ရှင်း မှောက်ထားသဖြင့် ၊ ပြည် သား တို့ ကို ကွဲပြား စေတော်မူ၏။

2ထိုအခါ ယဇ်ပုရောဟိတ် သည် ဆင်းရဲသား ကဲ့သို့ ၎င်း၊ သခင် သည် ကျွန် ကဲ့သို့ ၎င်း၊ သခင်မ သည် ကျွန်မ ကဲ့သို့ ၎င်း၊ ရောင်း သောသူသည် ဝယ် သောသူကဲ့သို့ ၎င်း၊ ကြွေးရှင် သည် ကြွေးတင် သောသူကဲ့သို့ ၎င်း၊ အတိုး စား သောသူသည် အတိုး ပေးသောသူကဲ့သို့ ၎င်း ဖြစ် ရ လိမ့်မည်။

3တပြည် လုံး လွတ်လပ် ၍ ရှင်းရှင်းပျက်စီး ရ လိမ့်မည်ဟူ သောအရာ ကို ထာဝရဘုရား မိန့် တော်မူ၏။

4ပြည် တော်သည် ငြိုငြင် ညှိုးငယ် ခြင်းရှိ၏။ လောက သည် အားလျော့ ၍ ညှိုးငယ် ခြင်းရှိ၏။ ဘုန်းကြီး သော ပြည် သား တို့သည် အားလျော့ ကြ၏။

5ပြည်သား တို့သည် တရား တော်ကို လွန်ကျူး ခြင်း၊ အမိန့် တော်ကို ပြောင်းလဲ ခြင်း၊ ထာဝရ သစ္စာ တော်ကို ဖျက် ခြင်းအကြောင်းကြောင့် ၊ ပြည် တော်သည် ညစ်ညှုး ခြင်းရှိ ၏။

6ထိုကြောင့် ၊ ကျိန်တော်မူသောအကျိန် သည် ပြည် တော်ကို လွှမ်းမိုး ပြီ။ ပြည်သား တို့အပေါ်မှာ အပြစ် ရောက်လေပြီ။ ထိုကြောင့် ၊ ပြည်သား တို့သည် ပူလောင် ကြ သဖြင့်၊ ကျန်ကြွင်း သောသူ တို့သည် နည်း ကြ၏။

7သစ်သောစပျစ်ရည် သည် ငြိုငြင် လေ၏။ စပျစ်နွယ် ပင်သည်လည်း အားလျော့ လေ၏။ စိတ် ရွှင်လန်း သောသူအပေါင်း တို့သည် ညည်းတွား ကြ၏။

8သာယာသောပတ်သာ အသံ ငြိမ်း ပြီ။ ဝမ်းမြောက် သောသူ၏ အသံ မရှိ။ သာယာ သောစောင်း သံ လည်း ငြိမ်း ပြီ။

9သီချင်း ဆိုလျက် စပျစ်ရည် ကို မ သောက် ရကြ။ သေရည် သေရက်ကို သောက် သောသူတို့သည် ပစပ်ခါး ကြလိမ့်မည်။

10လွတ်လပ် သောမြို့ သည် ပြို ပျက်လေပြီ။ အဘယ်သူ မျှ မဝင်စေခြင်းငှါ၊ အိမ် များကို ပိတ် ထားကြပြီ။

11စပျစ်ရည် ပြတ်သောကြောင့် လမ်း ခရီးတို့၌ မြည်တမ်း ခြင်းရှိ၏။ ဝမ်းမြောက် ခြင်းလည်း အကြွင်းမဲ့ကွယ် ပြီ။ တပြည် လုံး၌ သာယာ သောအသံ ငြိမ်း ပြီ။

12ဆိတ်ညံ့ခြင်းသည် မြို့ထဲမှာ ကျန်ရစ်၏၊ မြို့ တံခါး ကိုလည်း ရိုက်ခတ် ၍ ဖြိုဖျက် ကြပြီ။

13ထိုသို့ပြည် တော်အလယ် ၊ ပြည်သား တို့တွင် ဖြစ်ရသော်လည်းသံလွင် ပင်ကို လှုပ် ၍ အသီးကို ရသကဲ့သို့ ၎င်း၊ စပျစ်သီးကို သိမ်းယူ သောနောက်၊ အကြွင်းအကျန်ကို ကောက် ရသကဲ့သို့ ၎င်း ဖြစ် လိမ့်မည်။

14ထိုသူတို့ သည် ကြွေးကြော် ၍ ရွှင်လန်းစွာ သီချင်း ဆိုကြလိမ့်မည်။ ထာဝရဘုရား ကို ချီးမွမ်းသောအသံနှင့် ပင်လယ် တဘက်မှ မြည် ကြလိမ့်မည်။

15သို့ဖြစ်၍ ၊ အရှေ့ မျက်နှာအရပ်တို့၌ ထာဝရဘုရား ကို၎င်း၊ ပင်လယ်တဘက်တကျွန်း တနိုင်ငံအရပ်တို့၌ ၊ ဣသရေလ အမျိုး၏ ဘုရား သခင်တည်းဟူသော၊ ထာဝရဘုရား ၏ နာမ တော်ကို၎င်းချီးမွမ်း ကြလော့။

16သန့်ရှင်း တော်မူသောသူသည် ဘုန်းကြီး တော်မူစေသတည်းဟု မြေကြီး စွန်း မှ သီချင်း ဆိုသံကို ငါတို့သည် ကြား ရ၏။ ငါမူကား ၊ အလွန်ဆင်းရဲ ၏။ အလွန်ဆင်းရဲ ၏။ အမင်္ဂလာ ရှိ၏။ လုယက် သောသူတို့သည် လုယက် လျက် နေကြ၏။ လုယက် သောသူတို့သည် ကြမ်းတမ်းစွာ လုယက် ကြ၏။

17အိုပြည် သား ၊ သင် သည် ကြောက်လန့် ဘွယ် သောအရာ မြေတွင်း ၊ ကျော့ကွင်း ထဲသို့ ရောက်လေပြီ။

18ကြောက်လန့် ဘွယ်သော အရာ မှ ပြေး သောသူသည် မြေတွင်း ထဲသို့ ကျ လိမ့်မည်။ မြေတွင်း မှ လွတ် သောသူသည် ကျော့ကွင်း ၌ ကျော့မိ လိမ့်မည်။ ကောင်းကင် ပြွန် ဝပွင့် လျက်ရှိ၍ ၊ မြေကြီး အမြစ် လည်း လှုပ်ရှား လေ၏။

19ပြည် တော်သည် တပြည်လုံး ပြုတ် လေပြီ။ ပြည် တော်သည် အကုန်အစင်ပြို ပျက်လေပြီ။ ပြည် တော်သည် အလွန်တုပ်လှုပ် လျက် ရှိလေ၏။

20ပြည် တော်သည် ယစ်မူး သောသူကဲ့သို့ တလူး လည်လည်ရှိ၏။ ပုခက် ကဲ့သို့ လှုပ်ရှား ၏။ မိမိ အပြစ် သည် မိမိ အပေါ် မှာ လေး သဖြင့် ၊ ပြည်တော်သည် လဲ လိမ့်မည်။ နောက်တဖန် မ ထ ရ။

21ထို ကာလ ၌ ထာဝရဘုရား သည်၊ မြင့် သောအရပ်၌ မြင့် သောအလုံး အရင်းကို ၎င်း ၊ မြေ ပေါ် မှာမြေကြီး ရှင် ဘုရင်တို့ကို ၎င်းကြည့်ရှုစစ်ကြော တော်မူလိမ့်မည်။

22သူတို့သည် တွင်း ထဲ မှာ တစု တည်းစုဝေး ၍ ချည်နှောင် ခြင်း၊ ထောင် ထဲ မှာ ချုပ် ထားခြင်းကိုခံ လျက် နေရ ကြလိမ့်မည်။ များ စွာသော နေ့ရက် ကာလလွန်ပြီးမှ ၊ စစ်ကြော ခြင်းကိုခံ ရကြလိမ့်မည်။

23လ သည်လည်း မျက်နှာပျက် လိမ့်မည်။ နေ သည် လည်း အရှက် ကွဲလိမ့်မည်။ အကြောင်း မူကား၊ ကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရား သည်၊ ဇိအုန် တောင် ပေါ် မှာ ယေရုရှလင် မြို့၌ မင်းပြု ၍ ၊ အသက်ကြီး သူတို့ ရှေ့ တွင်ဘုန်းကြီး တော်မူလတံ့။

← Isaiah 23Read In The App, Free →Isaiah 25 →

Study Isaiah 24

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566