Isaiah 24:22
သူတို့သည် တွင်း ထဲ မှာ တစု တည်းစုဝေး ၍ ချည်နှောင် ခြင်း၊ ထောင် ထဲ မှာ ချုပ် ထားခြင်းကိုခံ လျက် နေရ ကြလိမ့်မည်။ များ စွာသော နေ့ရက် ကာလလွန်ပြီးမှ ၊ စစ်ကြော ခြင်းကိုခံ ရကြလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Joshua 10:22ယောရှု ကလည်း၊ လိုင်ခေါင်း ကို ဖွင့် ပြီးလျှင် ၊ ထို မင်းကြီး ငါး ပါးတို့ကို လိုင်ခေါင်း ထဲက ထုတ်၍ ငါ့ ထံ သို့ဆောင် ခဲ့ကြဟု မှာ လိုက်သည်အတိုင်း၊
Isaiah 10:4ငါ့ကျေးဇူးကို မခံရသောသူတို့သည်၊ ချုပ်ထား လျက်ရှိသောသူတို့ အောက် မှာ ဦးချ ရကြလိမ့်မည်။ အသေသတ် ခြင်းကို ခံရသောသူတို့ အောက် မှာ လဲ ရကြ လိမ့်မည်။ သို့သော်လည်း၊ အမျက် တော်သည်မ ငြိမ်း ၊ လက် တော်သည်ဆန့် လျက်ရှိသေး၏။
Isaiah 42:22ဤ လူမျိုး သည် လုယူ ဖျက်ဆီး ခြင်းကို ခံရသောအမျိုးဖြစ်၏။ ရှိသမျှ တို့သည် တွင်း ၌ အချုပ် ခံရ၍၊ ထောင် ထဲမှာ ပုန်း ကွယ်လျက်နေကြ၏။ ဖျက်ဆီး ရာဖြစ် သောအခါ ၊ အဘယ်သူမျှမ နှုတ် မယူ။ လုယူ ရာဖြစ်သောအခါ ၊ ပြန် ပေးလော့ဟု အဘယ်သူမျှမ ဆို။
Ezekiel 38:8ကြာမြင့် စွာ ကာလ လွန် ပြီးမှသင်သည် အုပ်ချုပ်ရသောအခွင့်ရှိလိမ့်မည်။ ထား ဘေးနှင့်လွတ် ၍ လူ အမျိုးမျိုး ထဲက နှုတ် သောပြည်သား၊ ကြာမြင့် စွာ ဆိတ်ညံ လျက်နေသော ဣသရေလ တောင် တို့အပေါ်သို့ ၊ တဖန်ဆောင်ခဲ့သော ပြည်သား တို့ရှိရာသို့ နောင် ကာလ ၌ သင်သည်စစ်ချီ ၍လာ လိမ့်မည်။ ထိုပြည်သားတို့သည် လူ အမျိုးမျိုးထဲက နှုတ်ဆောင် သောသူဖြစ်၍၊ တပြည်လုံး ငြိမ်ဝပ် လျက်ရှိနေ သောအခါ ၊