Isaiah 25:7
လူ ခပ်သိမ်း တို့ကို ဖုံး သော မျက်နှာဖုံး ကို၎င်း၊ ခပ်သိမ်း သော လူမျိုး တို့ကို ဖုံးလွှမ်း သော တင်းတိမ် ကို၎င်း၊ ဤ တောင် ပေါ် မှာ ပယ် တော်မူလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Isaiah 60:1သင်ထ လော့။ လင်း လော့။ သင် ၏အလင်း ရောက် လာပြီ။ ထာဝရဘုရား ၏ဘုန်း တော်သည် သင် ၏ အပေါ် မှာ ပေါ်ထွန်း လျက်ရှိ၏။
Luke 2:32လူ အမျိုးမျိုး တို့ရှေ့မှောက် ၌ ပြင်ဆင် တော်မူသောအလင်း တည်းဟူသော ကယ်တင် သောသခင်ကို အကျွန်ုပ်သည် ကိုယ် မျက်စိ နှင့်မြင် ရပါ၏ဟု မြွက်ဆို ၏။
2 Corinthians 3:13ပယ်ရှင်း သောအရာ ၏အဆုံး ကို ဣသရေလ အမျိုးသား တို့သည် စေ့စေ့ မ ကြည့်ရှုစေခြင်းငှာ မောရှ သည် မိမိ မျက်နှာ ကို ဖုံးအုပ် သကဲ့သို့ ငါတို့သည်မ ပြု ကြ။
Ephesians 4:18ထိုသူ တို့သည် ဉာဏ် အလင်းကွယ် သည်ဖြစ် ၍၊ စိတ် နှလုံး မိုက်မဲ သောအားဖြင့် အလျှင်းမ သိသောကြောင့် ၊ ဘုရားသခင် ၏အသက် နှင့် ကွာရှင်း လျက်ရှိကြ၏။
Hebrews 9:8ပဌမ တဲ တော်မပျက်မှီ တိုင်အောင်၊ သန့်ရှင်း ရာ ဌာနသို့ သွားသောလမ်း မ ဖွင့် သေးသော အကြောင်းကို ထိုအမှုအရာအားဖြင့်သန့်ရှင်း သော ဝိညာဉ် တော်သည် အရိပ် ပေးတော်မူ၏
Hebrews 10:19ထိုကြောင့် ညီအစ်ကို တို့၊ ယေရှု ၏ကိုယ်ခန္ဓာ တော်တည်းဟူသော ကုလားကာ အားဖြင့် ထိုသခင် ပြင်ဆင် တော်မူသော အသက် လမ်း သစ် တွင်၊