The Bible Software
Isaiah · မြန်မာကျမ်းစာ

Isaiah 25

1အိုထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် ၏ ဘုရား သခင်ဖြစ်တော်မူ၏။ ကိုယ်တော် ကို မြှောက်စား ပါမည်။ နာမ တော်ကို ချီးမွမ်း ပါမည်။ အံ့ဘွယ် သော အမှုတို့ကိုပြု တော်မူပြီ။ ရှေး အကြံ တော်တို့သည် မရွေ့၊ သစ္စာ နှင့် မြဲမြံကြပါ၏။

2မြို့ ကိုအမှိုက်ပုံ ၊ ခိုင်ခံ့ သောမြို့ ကို ဖြိုဖျက် ရာဖြစ် စေတော်မူပြီ။ တကျွန်း တနိုင်ငံသားတို့၏ နေရာဘုံ ဗိမာန် သည် မြို့ မဖြစ်၊ နောက် တဖန် မ တည်မဆောက် ရမည် အကြောင်းစီရင် တော်မူပြီ။

3ထိုကြောင့် ၊ အားကြီး သော လူမျိုး သည် ကိုယ်တော် ကို ချီးမွမ်း ကြပါလိမ့်မည်။ ကြောက်မက် ဘွယ်သော လူမျိုး တို့၏ နေရာမြို့ သည် ကိုယ်တော် ကို ကြောက်ရွံ့ ပါလိမ့်မည်။

4ကိုယ်တော်သည် ဆင်းရဲ သောသူတို့ ခိုလှုံ ရာ၊ ငတ်မွတ် သောသူအမှု ရောက်သည်ကာလ၌ ခိုလှုံ ရာဖြစ် တော်မူ၏။ ထရံ ကို တိုက်သော မိုဃ်းသက်မုန်တိုင်း ကဲ့သို့ ၊ ကြောက်မက် ဘွယ်သောသူတို့၏ ဒေါသအမျက်ထွက်သောအခါ၊ မိုဃ်းသက်မုန်တိုင်းလွတ်ရာ၊ နေ ရောင်ကွယ်ကာ ရာ ဖြစ် တော်မူ၏။

5သွေ့ ခြောက်သော အရပ်၌ နေအရှိန် ကိုကဲ့သို့ ၊ တကျွန်း တနိုင်ငံတို့၏ အသံ ဗလံကို ငြိမ်း စေတော်မူလိမ့်မည်။ ထူထပ်သော မိုဃ်း တိမ်အားဖြင့် နေ အရှိန် ပျောက်သကဲ့သို့၊ ကြောက်မက် ဘွယ်သောသူတို့၏ သီချင်း သံပျောက် ရပါလိမ့်မည်။

6ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည်၊ ခဲဘွယ်စားဘွယ်ပွဲ၊ ဟောင်း သောစပျစ်ရည်ပွဲ တည်းဟူသော၊ ဆူ သောခဲဘွယ်စားဘွယ်၊ ကောင်းမွန်စွာစစ် သော စပျစ်ရည် ဟောင်းကို လူ ခပ်သိမ်း တို့အဘို့ ဤ တောင် ပေါ် မှာ စီရင် တော်မူလိမ့်မည်။

7လူ ခပ်သိမ်း တို့ကို ဖုံး သော မျက်နှာဖုံး ကို၎င်း၊ ခပ်သိမ်း သော လူမျိုး တို့ကို ဖုံးလွှမ်း သော တင်းတိမ် ကို၎င်း၊ ဤ တောင် ပေါ် မှာ ပယ် တော်မူလိမ့်မည်။

8သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။ အရှင်ထာဝရဘုရားသည်လည်း၊ ခပ်သိမ်းသော မျက်နှာတို့မှ မျက်ရည်ကိုသုတ်တော်မူလိမ့်မည်။ ကိုယ်တော် ၏လူတို့သည် ခံရသောကဲ့ရဲ့ခြင်းကိုလည်း၊ မြေကြီး တပြင်လုံး၌ ပယ်ရှင်းတော်မူလိမ့်မည်ဟု၊ ထာဝရဘုရား အမိန့်တော်ရှိ၏။

9ထို ကာလ ၌ ကြည့်ရှုလော့။ ဤအရှင်ကား၊ ငါတို့ မြော်လင့်သော၊ ငါ တို့၏ဘုရား သခင်တည်း။ ငါ တို့ကို ကယ်တင် တော်မူလိမ့်မည်။ ဤ အရှင်ကား၊ ငါတို့မြော်လင့် သော ထာဝရ ဘုရားတည်း။ ကယ်တင် တော်မူခြင်းကျေးဇူးကြောင့် ၊ ငါတို့သည် ဝမ်းမြောက် ရွှင်လန်းကြကုန်အံ့ဟုဆို ကြလိမ့်မည်။

10အကြောင်း မူကား၊ ထာဝရဘုရား ၏ လက် တော် သည် ဤ တောင် ပေါ် မှာ ငြိမ်း လိမ့်မည်။ ကောက်ရိုး သည် နောက်ချေး ရွှံ့ပွက်၌ နှိပ် နင်းခြင်းကိုခံရသကဲ့သို့ ၊ မောဘ ပြည်သည် မိမိ ၌ နှိပ် နင်းတော်မူခြင်းကိုခံရလိမ့်မည်။

11ရေကူး သောသူသည် ရေကူး ခြင်းငှါ လက်ကို ဆန့် သကဲ့သို့ ၊ မောဘ ပြည်အလယ် ၌ လက် တော်ကို ဆန့် ၍ ၊ မောဘ ၏မာန နှင့် လက် သတ္တိ ကို ချ တော်မူလိမ့်မည်။

12သင် တို့၏ မြို့ရိုး ပြအိုး အထွဋ် ကို ဖြို ၍၊ မြေ တိုင် အောင် နှိမ့် သဖြင့်၊ မြေမှုန့် ထဲမှာ ချ တော်မူလိမ့်မည်။

← Isaiah 24Read In The App, Free →Isaiah 26 →

Study Isaiah 25

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566