Isaiah 26:13
အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် မှတပါး အခြားသောသခင် တို့သည် အကျွန်ုပ် တို့ကို အစိုး ရကြပြီ။ ယခုမူကား၊ ကိုယ်တော် အားဖြင့် သာ နာမ တော်ကို ချီးမွမ်း ကြပါမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Joshua 23:7သင် တို့တွင် ကြွင်း သေးသော ဤ လူမျိုး နှင့် မ ပေါင်းဘော် ၊ သူ တို့ဘုရား ၏နာမ ကို မြွက် ၍ မ ကျိန် ဆို၊ ဝတ် မ ပြု ဦး မ ညွှတ်ဘဲ၊
Isaiah 2:8သူ တို့ပြည် သည် ရုပ်တု ဆင်းတုနှင့်ကြွယ်ဝ ၍၊ မိမိ လက် နှင့်လုပ် သောအရာ၊ မိမိ လက်ချောင်း တို့နှင့် ဖန်ဆင်း သော အရာကို ပင် သူတို့သည် ဦးချ ကြသည် တကား။
Isaiah 12:4ထို ကာလ ၌ လည်း ထာဝရဘုရား ၏ ဂုဏ်တော် ကို ချီးမွမ်း ကြလော့။ နာမ တော်ကို ပဌနာ ပြုကြလော့။ အမှု တော်တို့ကို လူ များတို့တွင် ဘော်ပြ လော့။ နာမ တော်သည် မြင့်မြတ် သောကြောင့် ချီးမွမ်း ကြလော့။
Isaiah 63:7ကရုဏာနှင့် မဟာမေတ္တာတော်အတိုင်း ထာဝရဘုရားသည် ငါ တို့အား သနား တော်မူသောအရာအလုံးစုံ ကို၎င်း၊ ဣသရေလ အမျိုးသား တို့၌ ပြု တော်မူသော မဟာကျေးဇူး တော်ကို၎င်းထောက်၍၊ ထာဝရဘုရား ၏ မဟာမေတ္တာ တော်နှင့်၊ ထာဝရဘုရား ၏ ဂုဏ် ကျေးဇူးတော်ကို ငါချီးမွမ်း မည်။
John 8:32သမ္မာတရား ကိုလည်း သိ ကြသဖြင့် ၊ ထိုတရား သည် သင် တို့ကို လွှတ် လိမ့်မည် ဟု၊ ယုံကြည် သော ယုဒ လူတို့အား မိန့် တော်မူ၏။
1 Corinthians 4:7ထိုမှတစ်ပါး၊ အဘယ်သူ သည် သင့် ကိုထူးခြား စေသနည်း။ သူတစ်ပါးလက်မှ မ ခံ မယူဘဲ အလိုအလျောက် ရသော အရာတစ်စုံတစ်ခုမျှ သင်၌ရှိ သလော။ သူတစ်ပါးလက်မှ ခံယူ သည်မှန် လျှင် ၊ မ ခံ မယူသကဲ့သို့ အဘယ်ကြောင့် ဝါကြွား သနည်း။