The Bible Software
Isaiah · မြန်မာကျမ်းစာ

Isaiah 26

1ထို ကာလ ၌ ယုဒ ပြည် မှာ သီချင်း ဆို လတံ့သောစကားဟူမူကား၊ ငါ တို့၌ ခိုင်ခံ့ သော မြို့ ရှိ၏။ ကယ်တင် ခြင်း ကျေးဇူးကို ပြအိုး ၊ ရင်တား အရာ၌ စီရင် ခန့်ထားတော်မူလိမ့်မည်။

2တံခါး တို့ကို ဖွင့် ကြလော့။သစ္စာ စောင့် ၍ဖြောင့်မတ် သောလူမျိုး ဝင် ပါစေ။

3စိတ် နှလုံးတည်ကြည် သောသူသည် ကိုယ်တော် ၌ ခိုလှုံ သောကြောင့် ၊ ငြိမ်သက် ခြင်း သက်သက်ရှိမည့် အကြောင်းစောင့်ရှောက် တော်မူလိမ့်မည်။

4ထာဝရဘုရား ၌ အစဉ် အမြဲခိုလှုံ ကြလော့။ ထာဝရ ဘုရား သည် နိစ္စ ထာဝရ ခိုလှုံ ရာဖြစ်တော်မူ၏။

5မြင့် သောအရပ်၌ နေ သောသူတို့ကို ရှုတ်ချ တော်မူ ၏။ မြင့်မြတ် သောမြို့ ကိုဖြို၍၊ မြေ တိုင်အောင် နှိမ့်ချ လျက် မြေမှုန့် ထဲမှာ ထား တော်မူ၏။

6ကျော်နင်းခြင်းကိုခံရလိမ့်မည်။ ဆင်းရဲ သောသူ နှင့် ငတ်မွတ် သောသူတို့သည် ကျော် နင်းကြလိမ့်မည်။

7ဖြောင့်မတ် သောသူသည် ဖြောင့် သောလမ်း ၌ သွားတတ်၏။ အိုဖြောင့်မတ် တော်မူသောဘုရား၊ ကိုယ်တော် သည် ဖြောင့်မတ် သောသူ၏ လမ်း ခရီးကို ပြင်ဆင် တော်မူ၏။

8အိုထာဝရဘုရား ၊ အကျွန်ုပ်တို့သည် တရား တော် လမ်း ၌ သွားလျက်၊ ကိုယ်တော် ကို မြော်လင့် ၍၊ ကိုယ်တော် ၏အမည် ၊ ဘွဲ့ နာမတော်ကို စိတ် နှလုံး၌ တသ လျက်ရှိပါ ၏။

9ညဉ့် အခါ အကျွန်ုပ် သည် စိတ် နှလုံးနှင့် ကိုယ်တော် ကို တောင့်တ ပါ၏။ နံနက်အခါ အကျွန်ုပ် သည် အတွင်း ဝိညာဉ် အားဖြင့်ကိုယ်တော် ကိုရှာ ပါ၏။ မြေ ပေါ် မှာ အမှုကို စစ်ကြော စီရင်တော်မူသောအခါ ၊ လောကီ သား တို့သည် တရား ကိုသင် ကြ၏။

10မတရား သောသူသည် ကျေးဇူး ကိုခံရသော်လည်း၊ တရား ကို မ သင် တတ်ပါ။ တရား ကျင့်ရာပြည် ၌ ပင် အဓမ္မ ပြု၍ ၊ ထာဝရဘုရား ၏ ဘုန်း တော်ကို ပမာဏ မ ပြု တတ်ပါ။

11အိုထာဝရဘုရား ၊ လက် တော်ကိုချီ တော်မူသော်လည်း၊ သူတို့သည် မ မြင် မမှတ်ကြပါ။ သို့သော်လည်း၊ ကိုယ်တော်၏ လူ တို့အဘို့ စိတ်အားကြီး တော်မူကြောင်းကို၊ သူတို့သည် မြင် ၍ အရှက်ကွဲ ကြပါလိမ့်မည်။ ကိုယ်တော် ၏ ရန်သူ တို့ကို မီး လောင် ရပါလိမ့်မည်။

12အိုထာဝရ ဘုရား၊ ကိုယ်တော်သည် အကျွန်ုပ် တို့အား ငြိမ်သက် ခြင်းကိုပေး တော်မူလိမ့်မည်။ အကြောင်း မူကား၊ အကျွန်ုပ် တို့၏ အမှု ရှိသမျှ တို့ကို အကျွန်ုပ် တို့အဘို့ ပြု တော်မူ၏။

13အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် မှတပါး အခြားသောသခင် တို့သည် အကျွန်ုပ် တို့ကို အစိုး ရကြပြီ။ ယခုမူကား၊ ကိုယ်တော် အားဖြင့် သာ နာမ တော်ကို ချီးမွမ်း ကြပါမည်။

14ထိုသခင်တို့သည် သေ ကြပါပြီ။ တဖန် အသက် မ ရှင်ရကြပါ။ သင်္ချိုင်းသားဖြစ်၍ထ မြောက်ခြင်းမ ရှိရကြ ပါ။ သူ တို့ကို ကြည့်ရှုဖျက်ဆီး ၍ ၊ သူ တို့၏အမှတ် မျှ မရှိစေခြင်းငှါပယ်ရှင်း တော်မူပြီ။

15အိုထာဝရဘုရား ၊ အကျွန်ုပ်တို့အမျိုး ကို တိုး ပွါးစေတော်မူပြီ။ အကျွန်ုပ်တို့ အမျိုး ကိုတိုး ပွါးစေသဖြင့်၊ ဘုန်း ကြီးတော်မူ၏။ ပြည် တော်ကို ပတ်ဝန်းကျင် ၌ ကျယ် စေတော်မူပြီ။

16အိုထာဝရဘုရား ၊ သူတို့သည် ဆင်းရဲ ခံရသောအခါ ၊ ကိုယ်တော် ၌ ဆည်းကပ် ကြပါပြီ။ ဆုံးမ တော်မူသောအခါ၊ ဆုတောင်း ပဌနာ စကားကိုသွန်းလောင်းကြပါပြီ။

17ကိုယ်ဝန် ဆောင်သောမိန်းမသည် သားဘွား ချိန် နီး သောအခါ နာကျင် ၍၊ နာကျင်ခြင်းဝေဒနာ ကြောင့် အော်ဟစ် သကဲ့သို့၊ ထိုအတူ ၊ အိုထာဝရဘုရား ၊ အကျွန်ုပ် တို့သည် ရှေ့ တော်၌ ဖြစ် ကြပါပြီ။

18အကျွန်ုပ်တို့သည် ကိုယ်ဝန် ဆောင်၍ နာကျင် ခြင်း ဝေဒနာ ကို ခံရသော်လည်း ၊ လေ ကို ဘွား သကဲ့သို့ဖြစ်ကြပါပြီတကား။ ပြည် သားတို့သည် ကယ်တင် ခြင်းသို့ မ ရောက် ကြ။ လောကီ သား တို့သည် မ လဲ ကြပါ။

19ကိုယ်တော် ၏လူသေ တို့သည် အသက်ရှင် ကြပါ လိမ့်မည်။ ငါ ၏အသေ ကောင်တို့သည်လည်း ထ မြောက်ကြပါလိမ့်မည်။ မြေမှုန့် ၌နေ သောသူတို့၊ နိုး ၍ သီချင်း ဆို ကြလော့။ အကြောင်း မူကား၊ ကိုယ်တော် ၏ နှင်း သည် မြက်ပင် တို့ကို ပေါက်စေသော နှင်း ကဲ့သို့ဖြစ်၍၊ မြေ သည် လည်း မိမိသင်္ချိုင်း သားတို့ကို ထုတ် ဘော်ရပါလိမ့်မည်။

20ငါ ၏လူ တို့၊ လာ ကြ။ အတွင်းအခန်း ထဲသို့ ဝင် ၍ ၊ သင်တို့ကို ကွယ်ကာသော တံခါး များကို ပိတ် ထားကြ။ အမျက် ကာလ လွန် သည်တိုင်အောင် ခဏ သာပုန်း ရှောင် ၍ နေကြလော့။

21အကြောင်း မူကား၊ ထာဝရဘုရား သည် မြေကြီး သား တို့ကို၊ သူတို့ဒုစရိုက် ကြောင့် အပြစ် ပေးလိုသောငှါ ၊ မိမိ အရပ် ဌာနထဲ က ထွက် တော်မူ၏။ ထိုအခါ မြေကြီး သည် မိမိ ၌ရှိသောအသွေး ကိုဘော် ပြရလိမ့်မည်။ မိမိ ၌ အသေခံ ရသောသူတို့ကို နောက် တဖန် ဝှက် ၍မ ထားရ။

← Isaiah 25Read In The App, Free →Isaiah 27 →

Study Isaiah 26

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566