Isaiah 26:21
အကြောင်း မူကား၊ ထာဝရဘုရား သည် မြေကြီး သား တို့ကို၊ သူတို့ဒုစရိုက် ကြောင့် အပြစ် ပေးလိုသောငှါ ၊ မိမိ အရပ် ဌာနထဲ က ထွက် တော်မူ၏။ ထိုအခါ မြေကြီး သည် မိမိ ၌ရှိသောအသွေး ကိုဘော် ပြရလိမ့်မည်။ မိမိ ၌ အသေခံ ရသောသူတို့ကို နောက် တဖန် ဝှက် ၍မ ထားရ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 4:10ဘုရားသခင်ကလည်း၊ သင်သည် အဘယ်သို့ ပြု ပြီးသနည်း။ သင် ညီ အသွေး ၏အသံ သည် မြေ ထဲက ငါ့ ကို အော်ဟစ် လျက်ရှိသည်တကား။
Job 16:18အိုမြေကြီး ၊ ငါ့ အသွေး ကိုဖုံး ၍ မ ထားပါနှင့်။ ငါ အော်ဟစ် ခြင်းအသံကို သင်၌မ နေ စေနှင့်။
Isaiah 13:11ထိုလောကီ နိုင်ငံ၏ အပြစ် ကို၎င်း ၊ မတရား သောသူတို့ ၏ ဒုစရိုက် များကို၎င်းငါစစ်ကြော မည်။ မာန ကြီး သောသူတို့၏ ထောင်လွှားခြင်းကို ငါနှိပ်စက် ၍၊ ကြမ်းကြုတ် သောသူတို့၏ စော်ကား ခြင်းကို ငါနှိမ့်ချ မည်။
Isaiah 30:12သို့ဖြစ်၍၊ ဣသရေလ အမျိုး၏ သန့်ရှင်း သော ဘုရား မိန့် တော်မူသည်ကား ၊ သင် တို့သည် နှုတ်ကပတ် တော်ကို ပယ် ၍ ၊ လိမ် ကောက် ယိုယွင်းခြင်းကို သာ မှီဝဲ ခိုလှုံ သောကြောင့်၊
Ezekiel 8:6တဖန်တုံ ၊ အချင်းလူသား ၊ ငါ သည် ငါ ၏ သန့်ရှင်း ရာဌာနနှင့် ဝေး စွာသွားစေခြင်းငှါ သူ တို့ပြု ကြ သောအမှု ၊ ဤ အရပ်၌ ဣသရေလ အမျိုး ပြု သော၊ အလွန် စက်ဆုပ် ရွံ့ရှာဘွယ်သော အမှုတို့ကို မြင် ပြီလော ။ တဖန် လှည့် ၍သွားဦးလော့။ သာ၍ ကြီး သော ရွံရှာဘွယ် အမှု တို့ကို မြင် လိမ့်မည်ဟု မိန့် တော်မူလျက်၊
Ezekiel 10:3ဝင် သောအခါ ခေရုဗိမ် တို့သည် အိမ် တော် လက်ျာ ဘက်မှာ ရပ် ၍ ၊ အတွင်း တန်တိုင်း သည် မိုဃ်းတိမ် နှင့် ပြည့် ၏။