Isaiah 26:5
မြင့် သောအရပ်၌ နေ သောသူတို့ကို ရှုတ်ချ တော်မူ ၏။ မြင့်မြတ် သောမြို့ ကိုဖြို၍၊ မြေ တိုင်အောင် နှိမ့်ချ လျက် မြေမှုန့် ထဲမှာ ထား တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
4ထာဝရဘုရား ၌ အစဉ် အမြဲခိုလှုံ ကြလော့။ ထာဝရ ဘုရား သည် နိစ္စ ထာဝရ ခိုလှုံ ရာဖြစ်တော်မူ၏။
6ကျော်နင်းခြင်းကိုခံရလိမ့်မည်။ ဆင်းရဲ သောသူ နှင့် ငတ်မွတ် သောသူတို့သည် ကျော် နင်းကြလိမ့်မည်။
Cross References
Job 40:11သင် ၏အမျက် အရှိန်ကို လွှတ် လော့။ မာန ထောင်လွှားသောသူအပေါင်း တို့ကို ကြည့်ရှု ၍ နှိမ့်ချ လော့။
Isaiah 13:11ထိုလောကီ နိုင်ငံ၏ အပြစ် ကို၎င်း ၊ မတရား သောသူတို့ ၏ ဒုစရိုက် များကို၎င်းငါစစ်ကြော မည်။ မာန ကြီး သောသူတို့၏ ထောင်လွှားခြင်းကို ငါနှိပ်စက် ၍၊ ကြမ်းကြုတ် သောသူတို့၏ စော်ကား ခြင်းကို ငါနှိမ့်ချ မည်။
Isaiah 24:10လွတ်လပ် သောမြို့ သည် ပြို ပျက်လေပြီ။ အဘယ်သူ မျှ မဝင်စေခြင်းငှါ၊ အိမ် များကို ပိတ် ထားကြပြီ။
Isaiah 25:12သင် တို့၏ မြို့ရိုး ပြအိုး အထွဋ် ကို ဖြို ၍၊ မြေ တိုင် အောင် နှိမ့် သဖြင့်၊ မြေမှုန့် ထဲမှာ ချ တော်မူလိမ့်မည်။
Isaiah 47:1အိုဗာဗုလုန် သတို့သမီး ကညာ ၊ ဆင်း ၍ မြေမှုန့် ၌ထိုင် လော့။ အိုခါလဒဲ သတို့သမီး ၊ ရာဇ ပလ္လင်မ ရှိဘဲ မြေ ပေါ် မှာ ထိုင် လော့။ သင့် ကို နူးညံ့ သိမ်မွေ့ သောသူ ဟူ၍နောက် တဖန်မ ခေါ် ရ။
Jeremiah 51:25ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဖျက်ဆီး တတ်သောသဘောရှိ၍၊ မြေကြီး တပြင်လုံး ကို ဖျက်ဆီး တတ်သောတောင် ကြီး၊ သင့် တဘက် ၌ ငါ နေ၏။ သင့် အပေါ် မှာ ငါ ၏လက် ကိုဆန့် လျက်၊ ကျောက် တို့မှ သင့် ကို လှိမ့်ချ ၍၊ မီး နှင့်ကျွမ်းလောင်သော တောင် ဖြစ် စေမည်။