Isaiah 27:10
သို့ သော်လည်း၊ ခိုင်ခံ့ သောမြို့ သည်၊ ဆိတ်ညံ သောအရပ်၊ တောကဲ့သို့ စွန့် ၍ ပစ် ထားသောနေရာ ဖြစ် လိမ့်မည်။ ထို အရပ်၌ နွား သငယ်သည် ကျက်စား လျက် ၊ အိပ် လျက်နေ၍၊ အညွန့် များကို ကိုက် စားလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Isaiah 5:9ငါ ၏နား အပါး ၌ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အကယ်စင်စစ်ကြီးကျယ် တင့်တယ်သော အိမ် အများတို့သည် နေ သောသူ မ ရှိ။ လူဆိတ်ညံ ရာဖြစ် ကြလိမ့်မည်။
Isaiah 7:25ပေါက်တူး နှင့် တူးဆွ ရာ တောင် ယာရှိသမျှ တို့ သည်၊ ဆူး ပင်မျိုးကြောင့် အဘယ်သူမျှမ ချည်း ဝံ့သဖြင့်၊ နွား လွတ် ၍ ကျက်စားရာ၊ သိုး ဆိတ်တို့ ကျော်နင်း ရာ ဖြစ် ရကြ လိမ့်မည်ဟု ဟော လေ၏။
Isaiah 17:9ထို ကာလ ၌ သူ ၏ခိုင်ခံ့ သောမြို့ တို့သည် ဣသရေလ အမျိုးသား ရှေ့မှာစွန့်ပစ် သော သစ်တော အကျန် အကြွင်းနှင့်သစ်ပင် အဖျားကဲ့သို့ ဖြစ်၍၊ ထိုပြည်သည် ဆိတ်ညံ လျက်ရှိ ရလိမ့်မည်။
Isaiah 25:2မြို့ ကိုအမှိုက်ပုံ ၊ ခိုင်ခံ့ သောမြို့ ကို ဖြိုဖျက် ရာဖြစ် စေတော်မူပြီ။ တကျွန်း တနိုင်ငံသားတို့၏ နေရာဘုံ ဗိမာန် သည် မြို့ မဖြစ်၊ နောက် တဖန် မ တည်မဆောက် ရမည် အကြောင်းစီရင် တော်မူပြီ။
Isaiah 64:10သန့်ရှင်း သောမြို့ တော်တို့သည် တော ဖြစ် ကြ ပါပြီ။ ဇိအုန် တောင်လည်း တော ဖြစ် ပါပြီ။ ယေရုရှလင် မြို့ လည်းပျက်စီး ပါပြီ။
Jeremiah 26:18ဇိအုန် တောင်သည် လယ် ကဲ့သို့ထွန် ခြင်းကိုခံရလိမ့်မည်။ ယေရုရှလင် မြို့သည်လည်း၊ မြေပုံ များဖြစ်လိမ့်မည်။ ဗိမာန် တော်တောင် သည်လည်း၊ တော တောင် ကဲ့သို့ ဖြစ် လိမ့်မည်ဟု ယုဒ ပြည်သား အပေါင်း တို့အား ဟောပြော ၏။