The Bible Software
Isaiah · မြန်မာကျမ်းစာ

Isaiah 27

1ထို ကာလ ၌ ထာဝရဘုရား သည် ပြေးတက် သော မြွေ လဝိသန် ကို ၎င်း၊ လိမ် သောမြွေ လဝိသန် ကို ၎င်း ခိုင်ခံ့ ကြီးမား သော ထား တော်နှင့် ဒဏ် ပေး၍ ၊ ပင်လယ် ၌ ရှိသော နဂါး ကိုလည်း သတ် တော်မူလိမ့်မည်။

2ထို ကာလ ၌ စပျစ် ဥယျာဉ်ကို အကြောင်း ပြု၍၊ ဤသို့သီချင်း ဆိုကြလော့။

3ငါ ထာဝရဘုရား သည် ဥယျာဉ်စောင့် ဖြစ်၏။ မ ခြားမလပ်ရေ လောင်းမည်။ အဘယ်သူမျှမဖျက် စေ ခြင်းငှါ ၊ နေ့ ညဉ့် မပြတ် စောင့်ရှောက် မည်။

4ငါ့ အမျက် ငြိမ်းပြီ။ ဆူး ပင်မျိုးကိုမူကား၊ စစ် ပွဲ၌ ငါ တွေ့ပါစေသော။ ချက်ချင်းတိုက် ၍ တပြိုင်နက် မီးရှို့ မည်။

5သို့မဟုတ် ငါ ၏အစွမ်း သတ္တိကို ကိုးစား ၍၊ ငါ နှင့် မိဿဟာယ ဖွဲ့ ကြစေ။ ငါ နှင့် မိဿဟာယ ဖွဲ့ ကြစေသော။

6နောင်ကာလ၌ ယာကုပ် သည် အမြစ် ကျလိမ့်မည်။ ဣသရေလ သည် စိမ်း လန်း၍ အဖူး အငုံ ထွက်သဖြင့် ၊ လောကီ နိုင်ငံကို အသီး နှင့် ပြည့် စေလိမ့်မည်။

7သူ့ ကိုညှဉ်းဆဲ သောသူတို့ကို ညှဉ်းဆဲ တော်မူသည် နည်းတူ ၊ သူ့ ကို ညှဉ်းဆဲ တော်မူသလော။ သူ့ ကိုသတ် သောသူတို့ သည် အသေသတ် ခြင်းကိုခံ ရကြသည်နည်းတူ ၊ သူသည် အသေသတ် ခြင်းကိုခံရသလော။

8သူ့ ကို စွန့်ပစ် ၍ အတော်အတန် ဆုံးမ တော်မူ၏။ အရှေ့ လေလာသောအခါ၊ ပြင်းစွာ သောလေဖြင့် တိုက် သွားတော်မူ၏။

9ထို သို့ယာကုပ် အမျိုးသည် ယဇ် ပလ္လင်ကျောက် တို့ ကို ထုံး ကျောက် ကဲ့သို့ ချိုးဖဲ့ ၍၊ အာရှရ ပင်နှင့် ရုပ်တု တို့ကို လှဲ သောအခါ ၊ မိမိ အပြစ် ပြေ ၍၊ အပြစ် ပြေရှင်းခြင်း အကျိုး ကျေးဇူးရှိသမျှ ကို ခံရလိမ့်မည်။

10သို့ သော်လည်း၊ ခိုင်ခံ့ သောမြို့ သည်၊ ဆိတ်ညံ သောအရပ်၊ တောကဲ့သို့ စွန့် ၍ ပစ် ထားသောနေရာ ဖြစ် လိမ့်မည်။ ထို အရပ်၌ နွား သငယ်သည် ကျက်စား လျက် ၊ အိပ် လျက်နေ၍၊ အညွန့် များကို ကိုက် စားလိမ့်မည်။

11အခက် အလက်တို့သည် သွေ့ ခြောက်သောအခါ ချိုး ခြင်းသို့ရောက်၍၊ မိန်းမ တို့သည် လာ ၍မီးရှို့ ကြ လိမ့်မည်။ အကြောင်း မူကား၊ ပညာ မဲ့သောအမျိုး ဖြစ်၏။ ထို့ကြောင့် ၊ ဖန်ဆင်း ပြုပြင်တော်မူသောသူသည် မ သနား ၊ ကျေးဇူး မ ပြုဘဲ နေတော်မူလိမ့်မည်။

12အိုဣသရေလ အမျိုးသား တို့၊ ထို ကာလ ၌ လည်း ၊ ထာဝရဘုရား သည် မြစ် ကြီးမှစ၍ ၊ အဲဂုတ္တု မြစ် တိုင်အောင်သစ်သီးများကို သိမ်းယူတော်မူသဖြင့်၊ သင် တို့သည် တ ယောက်နောက် တ ယောက်၊ ကောက် သိမ်းခြင်း ကျေးဇူးတော်ကိုခံရကြလိမ့်မည်။

13ထို ကာလ ၌ လည်း ၊ ကြီး သောတံပိုး ကို မှုတ် ရ လိမ့်မည်။ အာရှုရိ ပြည် ၌ ပျောက် သောသူ၊ အဲဂုတ္တု ပြည် ၌ စွန့်ပစ် လျက်နေသောသူတို့သည်လာ ၍ ၊ ယေရုရှလင် မြို့တွင် ၊ သန့်ရှင်း သော တောင် ပေါ် မှာ ထာဝရဘုရား ရှေ့ တော်၌ ဝတ်ပြု ၍ ကိုးကွယ် ကြလိမ့်မည်။

← Isaiah 26Read In The App, Free →Isaiah 28 →

Study Isaiah 27

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566