Isaiah 29:11
ဗျာဒိတ် တော်ရှိသမျှ သည် တံဆိပ် ခတ်သောစာ ကဲ့သို့ သင် တို့၌ ဖြစ် ၏။ ထို စာသည် စာ တတ်သောသူအား ပေး ၍၊ ဤ စာ ကို ဘတ် ပါလော့ဟု ဆို လျှင်၊ ထိုသူက၊ ဤစာ ကို ငါမ ဘတ်နိုင်။။ တံဆိပ် ခတ်လျက်ရှိ၏ဟု ပြန်ပြော တတ် ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Daniel 12:4သင် ဒံယေလ မူကား ၊ အမှုကုန် ရသည် ကာလ တိုင်အောင် ၊ ဤစကား တော်တို့ကို ပိတ် ၍ စာစောင် ကို တံဆိပ် ခတ်ထားလော့။ အများ သောသူတို့ သည် ထိုစာကို ကြည့်၍ရှုသောအားဖြင့် ပညာ တိုးပွား လိမ့်မည်ဟု ပြောဆို ၏။
Matthew 11:25ထို အခါ ယေရှု က၊ ကောင်းကင် နှင့် မြေကြီး ကို အစိုးရတော်မူသောအဘ ၊ ကိုယ်တော်သည် ပညာ အလိမ္မာ နှင့် ပြည့်စုံသောသူတို့အား ဤအရာ များကို ထိမ်ဝှက် ကွယ်ထားလျက် သူငယ် တို့အား ဖော်ပြ တော်မူသည်ဖြစ်၍ ၊ ကျေးဇူး တော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။
Matthew 16:17ယေရှု ကလည်း ၊ ရှိမုန် ဗာယောန ၊ သင်သည်မင်္ဂလာ ရှိ ၏။ အကြောင်းမူကား ၊ အသွေး အသား သည် အကြောင်းအရာကို သင့် အားဖော်ပြ သည်မ ဟုတ်။ ကောင်းကင် ဘုံ၌ ရှိတော်မူသောငါ့ ခမည်းတော် သည် ဖော်ပြတော်မူသတည်း။
Revelation 6:1သိုးသူငယ် သည် တံဆိပ် ခုနစ် ချက်တွင် တစ် ချက်ကိုဖွင့် သောအခါ ငါကြည့် လျှင် ၊ မိုဃ်းကြိုး သံ မြည် သကဲ့သို့ ၊ သတ္တဝါ လေး ပါးတွင် တစ်ပါး က၊ လာ ၍ ကြည့်လော့ဟု ဆို သည်ကို ငါကြား ၏။