Isaiah 29:18
ထို ကာလ ၌ နားပင်း သောသူတို့သည် ကျမ်း စကား ကို ကြား ကြ လိမ့်မည်။ မျက်စိ ကန်းသောသူတို့သည် မြှေးရှက် ခြင်း၊ မှောင်မိုက် ခြင်းနှင့် ကင်းလွတ်၍ မြင် ကြ လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Deuteronomy 29:4သို့သော်လည်း နားလည် နိုင်သောနှလုံး ၊ မြင် နိုင်သော မျက်စိ ၊ ကြား နိုင်သော နား တို့ကို ယနေ့ တိုင်အောင် ထာဝရဘုရား သည် ပေး တော်မ မူသေး။
Proverbs 20:12ကြား တတ်သော နား ကို၎င်း၊ မြင် တတ်သော မျက်စိ ကို၎င်း ၊ ထာဝရဘုရား ဖန်ဆင်း တော်မူပြီ။
Isaiah 29:12ထိုစာကို စာ မ တတ် သောသူ အား ပေး ၍၊ ဤ စာ ကိုဘတ် ပါလော့ဟု ဆို လျှင်၊ ထိုသူက၊ ငါသည် စာ မ တတ် ဟုပြန်ပြော တတ်၏။
Isaiah 32:3မျက်စိ မြင် သောသူတို့သည် ရှင်းလင်းစွာ မြင် ကြ လိမ့်မည်။ နား ကြား သောသူတို့လည်း နားထောင် ကြ လိမ့်မည်။
Isaiah 42:7သင်သည် ကန်း သောမျက်စိ တို့ကိုဖွင့် စိမ့်သောငှါ ၎င်း၊ ချုပ် ထားသောသူတို့ကို လွှတ် စိမ့်သောငှါ ၎င်း၊ မှောင်မိုက် ၌နေ သောသူတို့ကို အမိုက်ထောင် ထဲက နှုတ်ယူစိမ့်သောငှါ၎င်း၊ သင့်ကို လူ များနှင့်ပဋိညာဉ်ဖွဲ့စရာ ဘို့ ၊ လူ အမျိုးမျိုးလင်းစရာ ဘို့ ခန့် ထားမည်။
Jeremiah 31:33နောက် ကာလ အခါ ဣသရေလ အမျိုးသား တို့၌ ငါပေး အံ့သော ပဋိညာဉ် တရားဟူမူကား ၊ ငါထာဝရ ဘုရားသည် ငါ ၏ပညတ် တရားကို သူ တို့အတွင်း ထဲ သို့ သွင်း မည်။ သူ တို့နှလုံး ပေါ် မှာ ရေး ထားမည်။ ငါသည် သူ တို့၏ ဘုရား ဖြစ် မည်။ သူ တို့သည်လည်း ငါ ၏ လူ ဖြစ် ကြလိမ့်မည်။