Isaiah 42:7
သင်သည် ကန်း သောမျက်စိ တို့ကိုဖွင့် စိမ့်သောငှါ ၎င်း၊ ချုပ် ထားသောသူတို့ကို လွှတ် စိမ့်သောငှါ ၎င်း၊ မှောင်မိုက် ၌နေ သောသူတို့ကို အမိုက်ထောင် ထဲက နှုတ်ယူစိမ့်သောငှါ၎င်း၊ သင့်ကို လူ များနှင့်ပဋိညာဉ်ဖွဲ့စရာ ဘို့ ၊ လူ အမျိုးမျိုးလင်းစရာ ဘို့ ခန့် ထားမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
6ငါ ထာဝရဘုရား သည် သင့် ကို တရား သဖြင့် ခေါ် ထားသည်ဖြစ်၍၊ လက် ဆွဲ လျက် ထောက်မ မည်။
Cross References
Isaiah 9:2မှောင်မိုက် ထဲမှာ သွားလာ သောလူ များတို့သည် ကြီး စွာသော အလင်း ကိုမြင် ရ၍၊ သေမင်း ၏နိုင်ငံ အရိပ် တွင် ရှိနေ သောသူ တို့ ၌ အလင်း ပေါ်ထွန်း လျက်ရှိ၏။
Isaiah 35:5ထိုအခါ မျက်စိ ကန်း သောသူတို့သည် မျက်စိပွင့် လင်းကြလိမ့်မည်။ နား ပင်း သောသူတို့သည် နားပင်းခြင်း နှင့် လွတ် ကြလိမ့်မည်။
Isaiah 42:22ဤ လူမျိုး သည် လုယူ ဖျက်ဆီး ခြင်းကို ခံရသောအမျိုးဖြစ်၏။ ရှိသမျှ တို့သည် တွင်း ၌ အချုပ် ခံရ၍၊ ထောင် ထဲမှာ ပုန်း ကွယ်လျက်နေကြ၏။ ဖျက်ဆီး ရာဖြစ် သောအခါ ၊ အဘယ်သူမျှမ နှုတ် မယူ။ လုယူ ရာဖြစ်သောအခါ ၊ ပြန် ပေးလော့ဟု အဘယ်သူမျှမ ဆို။
Isaiah 61:1ထာဝရဘုရား ၏ ဝိညာဉ် တော်သည် ငါ့ အပေါ် မှာ တည်တော်မူ၏။ အကြောင်း မူကား၊ ဆင်းရဲ သားတို့ အား ဝမ်းမြောက်စရာ သိတင်းကို ကြားပြော စေခြင်းငှါ ၊ ငါ့ ကို ဘိသိက် ပေးတော်မူပြီ။ နှလုံး ကြေကွဲ သောသူတို့၏ အနာကို စည်း စေခြင်းငှါ ၎င်း၊ ဘမ်း သွားချုပ်ထားလျက် ရှိသောသူတို့ အား လွှတ်ခြင်း အကြောင်းနှင့်၊ အကျဉ်းခံ လျက်ရှိသောသူတို့ အား ထောင်တံခါးဖွင့် ခြင်း အကြောင်းကို ပြစေခြင်းငှါ၎င်း၊
Matthew 11:5မျက်စိ ကန်းသောသူတို့သည် မျက်စိမြင် ရကြ၏။ ခြေမစွမ်း သောသူတို့သည် လှမ်းသွား ရကြ၏။ နူနာစွဲ သောသူတို့သည် သန့်ရှင်း ခြင်းသို့ ရောက်ရကြ၏။ နားပင်း သောသူတို့သည် နားကြား ရကြ၏။ သေ သောသူ တို့သည် ထမြောက် ခြင်းသို့ရောက်ရကြ၏။ ဆင်းရဲသား တို့သည်လည်း ဝမ်းမြောက် စရာသိတင်းကို ကြားရ ကြ၏။