Isaiah 29:23
ထိုအမျိုးသား တို့သည် ငါ စီရင် သောအမှု ကိုမြင် လျှင် ၊ ငါ့ နာမ ကို မိမိ တို့တွင် ရိုသေ ကြလိမ့်မည်။ ယာကုပ် အမျိုး ၏ သန့်ရှင်း သောဘုရားကို ရိုသေ ၍ ၊ ဣသရေလ အမျိုး ၏ ဘုရား သခင်ကို ကြောက်ရွံ့ ကြလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Isaiah 5:16ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား သည် တရားစီရင် ခြင်းအားဖြင့် ချီးမြှောက် ခြင်းသို့ရောက်တော်မူလိမ့်မည်။ သန့်ရှင်း တော်မူသောဘုရား သခင်သည် ဖြောင့်မတ် ခြင်းအားဖြင့် ၊ သန့်ရှင်း ခြင်းရှိတော်မူလိမ့်မည်။
Isaiah 19:25ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ကလည်း၊ ငါ ၏ လူ အဲဂုတ္တု အမျိုး၊ ငါ ပြုပြင် သော အာရှုရိ အမျိုး၊ ငါ ၏ အမွေ ဥစ္စာဖြစ်သော ဣသရေလ အမျိုးသည် မင်္ဂလာ ရှိစေသတည်းဟု ကောင်းကြီး ပေး တော်မူလိမ့်မည်။
Isaiah 43:21အိုယာကုပ် အမျိုး၊ ဤ အရာတို့ကို ဆင်ခြင် လော့။ အိုဣသရေလ အမျိုး၊ သင် သည် ငါ့ ကျွန် ဖြစ်၏။ သင့် ကို ငါဖန်ဆင်း သည်ဖြစ်၍၊ သင် သည် ငါ့ ကျွန် ဖြစ် ၏။ အိုဣသရေလ အမျိုး၊ သင့်ကို ငါ မ မေ့ မလျော့။
Isaiah 49:20သင်၏သားများဆုံးပြီးမှ၊ တဖန်ရပြန် သော သား တို့က၊ နေရာ မ လောက်ပါ။ နေ စရာ အရပ်ကိုပေး ပါ ဟု သင့် အား တောင်း ကြလေဦးမည်။
Hosea 3:5ထိုနောက်မှ ဣသရေလ အမျိုးသား တို့သည် ပြန် လာ၍ ၊ သူ တို့ဘုရား သခင်ထာဝရဘုရား ကို၎င်း ၊ သူ တို့ရှင်ဘုရင် ဒါဝိဒ် ကို၎င်းရှာ ၍ ၊ နောင် ကာလ ၌ ကျေးဇူး တော်ကိုခံ အံ့သောငှါ ၊ ထာဝရဘုရား ထံ တော်သို့ တုန်လှုပ် လျက် ပြေးကြလိမ့်မည်။
Ephesians 2:10အဘယ်ကြောင့် နည်းဟူမူကား၊ ငါတို့သည် ကောင်း သောအကျင့်တို့ကို ကျင့် ရမည်အကြောင်း ၊ ယေရှု ခရစ် ၌ ပြုပြင်၍ ဖန်ဆင်း တော်မူရာဖြစ်ကြ၏။ ထိုကောင်းသော အကျင့် တို့၌ ငါတို့သည် ကျင်လည်ရမည် အကြောင်း၊ ဘုရားသခင် သည် ငါတို့ကို ပြင်ဆင် တော်မူနှင့်ပြီ။