Isaiah 29:6
ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား သည်၊ မိုဃ်းချုန်း ခြင်း၊ မြေ လှုပ်ခြင်း၊ အသံ ဗလံမြည်ခြင်းနှင့် တကွ မိုဃ်းသက်မုန်တိုင်း ၊ လောင် တတ်သော မီးလျှံ အားဖြင့်အပြစ် ပေးတော်မူမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
1 Samuel 2:10ထာဝရဘုရား သည် ရန်သူ တို့ကို ချိုးဖဲ့ တော်မူမည်။ သူတို့အပေါ်၌ မိုဃ်း ကောင်းကင်မှ မိုဃ်းချုန်း စေတော်မူမည်။ ထာဝရဘုရား သည် မြေကြီး စွန်း တိုင်အောင်တရား စီရင်သဖြင့်၊ ခန့်ထားတော်မူသောရှင်ဘုရင် ကို ခွန်အား နှင့် ပြည့်စုံစေ၍၊ အထံတော်၌ ဘိသိက် ခံသောသူကို ချီးမြှောက် တော်မူမည်ဟု မြွက်ဆို ၏။
2 Samuel 22:14ထာဝရဘုရား သည်လည်း၊ ကောင်းကင် ပေါ်မှာမိုဃ်းချုန်း ၍ ၊ အမြင့်ဆုံး သော ဘုရားသည် အသံ တော်ကို လွှင့် တော်မူ၏။
Isaiah 28:2ထာဝရ ဘုရား၌ ခွန်အား တန်ခိုးကြီး သောသူသည်၊ မိုဃ်းသီး ပါလျက် ဖျက်ဆီး သော မိုဃ်း သက်မုန်တိုင်း ကဲ့သို့ ၎င်း၊ ပြင်း စွာထ၍ လွှမ်းမိုး သော ရေကြီးကဲ့သို့၎င်း၊ မြေ တိုင်အောင် ပြင်းစွာချ ပစ်လိမ့်မည်။
Isaiah 31:9သူသည်လည်း ကြောက်လန့် သဖြင့် ၊ မိမိ ခိုင်ခံ့ သော မြို့ကိုလွန် သွား၍ ၊ သူ ၏ မှုးမတ် တို့သည် နိမိတ် ကို မြင်လျှင် စိတ်ပျက် ကြလိမ့်မည်ဟု ဇိအုန် တောင်ပေါ် မှာမီးလျှံ ၊ ယေရှုရှင် မြို့၌ မီးဖို ရှိသော ထာဝရဘုရား မိန့် တော်မူသတည်း။
Ezekiel 38:22ငါသည်ကာလနာ ဘေး၊ အသေ သတ်ခြင်းဘေး အားဖြင့် သူ့ ကို ဒဏ် ပေးမည်။ သူ နှင့် သူ၌ပါသောတပ် များ၊ အလုံးအရင်း များအပေါ်မှာ လွှမ်းမိုး သောမိုဃ်း ရေ၊ ကြီး သောမိုဃ်းသီး၊ ကန့် နှင့်ရောသောမီး မိုဃ်း ကို ရွာစေမည်။
Mark 13:8လူ တမျိုးနှင့်တမျိုး ၊ တနိုင်ငံ နှင့် တနိုင်ငံ ရန်ဘက် ပြုကြလိမ့်မည်။ အရပ်ရပ် တို့၌ မြေကြီး လှုပ်ခြင်း ဖြစ် လိမ့်မည်။ အစာ ခေါင်းပါးခြင်းနှင့် မငြိမ်မသက်ခြင်းတို့သည်လည်း ဖြစ် ကြလိမ့်မည်။ ထို အမှုအရာတို့သည် ဒုက္ခ ဆင်းရဲခြင်း၏ အစအဦး ဖြစ်သတည်း။”