Isaiah 29:7
အပြည်ပြည် ကလာ၍၊ အရေလ မြို့ကို စစ်တိုက် သော အလုံး အရင်း၊ အရေလ မြို့နှင့် ရဲတိုက် ကိုတိုက် ၍ ညှဉ်းဆဲ သော သူအပေါင်း တို့သည်၊ အိပ်မက် တည်းဟူသော ညဉ့် ရူပါရုံ ကဲ့သို့ ဖြစ် ရကြလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Psalms 73:20အိုထာဝရ ဘုရား၊ လူသည် နိုး သောအခါ အိပ်မက် ကိုမှတ်သကဲ့သို့ သူတို့ကို နှိုး တော်မူသောအခါ ၊ သူ တို့ အကြံ အစည်ကို မထီမဲ့မြင် ပြုတော်မူမည်။
Isaiah 37:36ထိုအခါ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ထွက် ၍ ၊ အာရှုရိ တပ် တွင် လူတသိန်း ရှစ် သောင်း ငါး ထောင် တို့ကို ဒဏ်ခတ် လေ၏။ နံနက် စောစောထ ချိန် ရောက်သောအခါ ၊ ထိုသူ အပေါင်း တို့သည် အသေ ကောင် ဖြစ်ကြ၏။
Jeremiah 25:31မြေကြီး စွန်း တိုင်အောင် အသံ နှံ့ပြား လိမ့်မည်။ ထာဝရဘုရား သည် လူ အမျိုးမျိုးတို့နှင့် တရား တွေ့စရာ အကြောင်းရှိ၍၊ ခပ်သိမ်း သော သတ္တဝါ တို့ကို အမှုလုပ် တော်မူမည်။ ဆိုး သောသူတို့ကို ထား နှင့်ကွပ်မျက်စေခြင်းငှါ အပ် တော်မူမည်ဟု ထာဝရဘုရား မိန့် တော်မူ ၏။
Micah 4:11ယခု မှာ လူမျိုး များ တို့က၊ ဇိအုန် မြို့သည် ညစ်ညူး ပါစေ။ သူ၌ ငါ တို့အလို ပြည့်စုံပါစေဟု၊ သင့် တဘက် ၌ စုဝေး လျက် ဆို ကြ၏။
Nahum 2:1ဖျက်ဆီး သောသူသည် သင့် ရှေ့ သို့ ရောက် လာ ပြီ။ သင်၏ရဲတိုက် ကို သတိ ပြုလော့။ လမ်း ကို စောင့် လော့။ ကိုယ်ခါး ကို ခိုင်ခံ့ စေလော့။ ကျပ်ကျပ် အား ယူ လော့။
Zechariah 12:9ထိုကာလ ၌ ယေရုရှလင် မြို့ကို တိုက်လာ သောလူမျိုး အပေါင်း တို့ကို ဖျက်ဆီး ခြင်းငှါ ငါသည် အားထုတ် မည်။