Isaiah 3:14
ထာဝရဘုရား သည် မိမိ လူ တို့တွင်၊ အသက်ကြီး သူတို့ကို ၎င်း၊ မင်း တို့ကို၎င်းတရား စီရင်ရာ၌ ဆီး ကြို တော်မူမည်။ သင် တို့သည် ငါ့ဥယျာဉ် တော်ကိုစား ကြပြီ။ ဆင်းရဲ သောသူတို့၏ ဥစ္စာ ကို လုယူ၍၊ မိမိ တို့အိမ် ၌ သိုထားကြပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Leviticus 25:17သင်တို့သည် တယောက် ကိုတယောက်မ ညှဉ်းဆဲ ရ။ သင် တို့၏ ဘုရား သခင်ကို ကြောက်ရွံ့ ရမည်။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
Job 24:2အချို့သောသူတို့သည် မြေ မှတ်တိုင်တို့ကို ရွှေ့ တတ်ကြ၏။ သူတပါး၏ သိုး ဆိတ်တို့ကို လုယူ ၍ ကိုယ်အဘို့ ထိန်းကျောင်း ကြ၏။
Job 34:23ဘုရား သခင့်ရှေ့တော်၌ လူ သည် တရား တွေ့ သောအခါ ၊ အထပ်ထပ် စစ်ကြော တော်မူစရာ အကြောင်းမ ရှိ။
Psalms 143:2ကိုယ်တော် ၏ကျွန် နှင့် တရား တွေ့ တော်မ မူပါ နှင့်။ အသက်ရှင် သောသူမည် သည်ကား၊ ရှေ့ တော်၌ အပြစ် ကင်းစင်ရာသို့ မ ရောက်ရပါ။
Isaiah 5:7ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ စပျစ် ဥယျာဉ်ကား၊ ဣသရေလ အမျိုး တည်း။ နှစ်သက် တော်မူသောပျိုး ပင်ကား၊ ယုဒ လူ တည်း။ တရားစီရင် ခြင်းကို မြော်လင့် တော်မူသည်ရှိသော်၊ အသေသတ် ခြင်းကို၎င်း၊ ဖြောင့်မတ် ခြင်းအရာ၌လည်း ငိုကြွေး ခြင်းကို၎င်းတွေ့မြင် တော်မူ၏။
Jeremiah 12:10များစွာ သော သိုးထိန်း တို့သည် ငါ့ စပျစ် ဥယျာဉ် ကို ဖျက်ဆီး ကြပြီ။ ငါ ရထိုက်သောအဘို့ ကို ကျော်နင်း ကြပြီ။ ငါ ရထိုက်သောနှစ်သက် ရာအဘို့ ကို လူဆိတ်ညံ ရာ တော ဖြစ် စေကြပြီ။