The Bible Software
Isaiah · မြန်မာကျမ်းစာ

Isaiah 3

1အကြောင်း မူကား၊ ကောင်းကင်ဗိုလ်ခြေ သခင် ၊ အရှင်ထာဝရ ဘုရားသည် မုန့် အထောက် အပင့်နှင့် ရေ အထောက် အပင့် ရှိသမျှ မှစ၍၊ ခပ်သိမ်း သော အထောက် အပင့်တို့ကို ယေရုရှလင် မြို့နှင့် ယုဒ ပြည်မှ ပယ်ရှား တော်မူ၏။

2တန်ခိုး ကြီးသောသူ၊ စစ်တိုက် သောသူ ၊ တရားသူကြီး ၊ ပရောဖက် ၊ ဗေဒင် တတ်၊ အသက်ကြီး သူ၊

3သွေးသောက်ကြီး၊ အရာရှိ၊ တိုင်ပင် မှူးမတ်၊ လက် သတ္တိရှိသောသူ၊ နှုတ် သတ္တိရှိသောသူတို့ကို ပယ်ရှားတော်မူ၏။

4ထိုပြည် တွင် သူငယ် တို့ကို မင်း အရာ၌ ငါခန့် ထား ၍ နို့စို့သူငယ် တို့သည် အုပ်စိုး ကြလိမ့်မည်။

5ပြည်သား တို့သည် တယောက် ကိုတယောက်၊ အိမ်နီးချင်း တယောက်ကိုတယောက်ညှဉ်းဆဲ ကြလိမ့်မည်။ သူငယ် သည် အသက်ကြီး သူကို ၎င်း ၊ လူယုတ် သည် လူမြတ် ကို ၎င်းစော်ကား လိမ့်မည်။

6ထိုကြောင့် ၊ လူ သည် ပေါက်ဘော် ချင်းညီအစ်ကို ကို ကိုင် ဆွဲ၍၊ သင် ၌ အဝတ် ရှိသေး၏။ လာပါ။ အကျွန်ုပ် တို့အပေါ်၌ မင်း ပြု ပါ။ အကျွန်ုပ် တို့ ပြိုပျက် ရာကိုလည်း ပြုပြင် ပါဟုဆိုလျှင်၊

7သူကလည်း၊ ငါသည်ပြုပြင် နိုင်သော သူမ ဟုတ်။ ငါ့ အိမ် ၌ မုန့် လည်း မရှိ။ အဝတ် လည်း မရှိ။ငါ့ ကို ပြည်သား တို့ အပေါ်မှာမင်း မ ပြု စေနှင့်ဟု အတည့်အလင်းပြော ဆိုလိမ့်မည်။

8ယေရုရှလင် မြို့ပြိုလဲ လျက်၊ ယုဒပြည် ဆုံးရှုံး လျက် ရှိ၏။ အကြောင်း မူကား၊ သူ တို့စကား နှင့် သူ တို့အကျင့် တို့ သည် ထာဝရဘုရား ၏ အလိုတော်နှင့်မညီ၊ ဘုန်း ကြီးသော မျက်စိ တော်တို့ကို ဆန့်ကျင် ဘက်ပြုကြ၏။

9သူ တို့မျက်နှာ အနေအထား သည် သူ တို့တဘက် ၌ သက်သေ ခံ၏။ မိမိ ဒုစရိုက် ကိုမ ဝှက် ၊ သောဒုံ မြို့သားကဲ့သို့ ထင်ရှားစွာ ပြု ကြ၏။ သူ တို့ဝိညာဉ် ၌ အမင်္ဂလာ ရှိ၏။ အကြောင်း မူကား၊ မကောင်းကျိုး ကို မိမိ တို့၌ ဆပ်ပေး ကြပြီ။

10ဖြောင့်မတ် သောသူသည် မင်္ဂလာ ရှိ၏ဟု ထိုသူ အား ပြော လော့။ အကြောင်း မူကား၊ သူ သည် မိမိအကျင့် တို့၏အကျိုး ကို ခံစား ရလိမ့်မည်။

11မတရား သောသူသည်အမင်္ဂလာ ရှိ၏။ မကောင်း သော အမှုနှင့်တွေ့လိမ့်မည်။ အကြောင်း မူကား၊ သူ ကျင့် သောအကျင့် တို့၏အပြစ် ကို သူ ၌ ဆပ် ပေးရလိမ့်မည်။

12ငါ ၏လူ များကိုကား၊ သူငယ် တို့သည် ညှဉ်းဆဲ ကြ ၏။ မိန်းမ တို့သည်လည်း အုပ်စိုး ကြ၏။ ငါ ၏လူ များတို့၊ သင် တို့အား လမ်းပြ သောသူတို့သည် လမ်းလွဲ စေကြ၏။ သင် တို့သွားသော လမ်း ခရီး ကိုလည်း ဖျက် ကြ၏။

13ထာဝရဘုရား သည် မိမိအမှုကို စောင့် အံ့သောငှါ ထ တော်မူ၏။ မိမိလူ တို့ကို တရား စီရင်မည်ဟု အားထုတ် တော်မူ၏။

14ထာဝရဘုရား သည် မိမိ လူ တို့တွင်၊ အသက်ကြီး သူတို့ကို ၎င်း၊ မင်း တို့ကို၎င်းတရား စီရင်ရာ၌ ဆီး ကြို တော်မူမည်။ သင် တို့သည် ငါ့ဥယျာဉ် တော်ကိုစား ကြပြီ။ ဆင်းရဲ သောသူတို့၏ ဥစ္စာ ကို လုယူ၍၊ မိမိ တို့အိမ် ၌ သိုထားကြပြီ။

15ငါ ၏လူ တို့ကို အဘယ်ကြောင့် နှိပ်စက် ကြသနည်း။ ဆင်းရဲ သားတို့၏မျက်နှာ ကို အဘယ်ကြောင့်ကြိတ် ကြသနည်းဟု ကောင်းကင်ဗိုလ်ခြေ သခင် အရှင် ထာဝရ ဘုရား မိန့် တော်မူ၏။

16တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဇိအုန် သတို့သမီး တို့သည် စိတ် မြင့်၍ ၊ မိမိလည်ပင်း ကို ပြ လျက်၊ မျက်စိ လော်လည် လျက်၊ ခြေချင်း တန်ဆာ မြည် လျက်၊ စိတ်စိတ်လှမ်း သွားတတ်သောကြောင့်၊

17ဘုရား ရှင်သည် ဇိအုန် သတို့သမီး တို့ကို ခေါင်းတုံးဖြစ်စေတော်မူမည်။ ထာဝရဘုရား သည် သူ တို့မှ အဝတ် ကိုပယ် ၍ အရှက်ခွဲတော်မူမည်။

18ထို ကာလ ၌ ဘုရား ရှင်သည် သူတို့ခြေချင်း ၊ ဈာဦးထုပ် ၊ လဆန်းရုပ်လည်ဆွဲ၊

19နား သန်သီး၊ လက်ကောက် ၊ မျက်နှာဖုံး၊

20ပေါင်း သရဖူ၊ ရွှေခြေကြိုး ၊ ခါးပန်း၊ နှာခေါင်းဘူး၊

21လက်ဖွဲ့၊ လက်စွပ် ၊ နှာဆွဲ၊

22ရွှေ ဈာအင်္ကျီ၊ တပက် ၊ ခေါင်း ခြုံ၊ လွယ်အိတ်၊

23လွယ်မှန် ၊ အတွင်းအင်္ကျီ ၊ ဦးရစ် ၊ တင်းထိမ် တို့ကို ပယ်ရှင်း တော်မူမည်။

24မွှေး သော အနံ့အရာ ၌ ပုပ်စပ် သောအနံ့၊ ခါးစည်း အရာ ၌ ခါးကြိုး ၊ ကျစ်သောဆံပင် အရာ ၌ ခေါင်းထုံး ခြင်း၊ ရင်စည်း တန်ဆာအရာ ၌လျှောတေ ကြိုး၊ လှ သော အဆင်းအရာ၌ သံ ပူထိုးချက်ရာ ဖြစ် ရလိမ့်မည်။

25သင် ၏ လူ တို့သည် ထား လက်နက်ဖြင့် ၎င်း၊ သင် ၏သူရဲ တို့သည် စစ်တိုက် သဖြင့်၎င်း လဲ ၍ ဆုံးရှုံးကြ လိမ့်မည်။

26သူ ၏တံခါး တို့သည် ငိုကြွေး မြည်တမ်း ၍ ၊ သူသည်လူ ဆိတ်ညံရာ မြေ ပေါ် မှာ ထိုင် ရလိမ့်မည်။

← Isaiah 2Read In The App, Free →Isaiah 4 →

Study Isaiah 3

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566