Isaiah 6:13
ထိုပြည်၌ ဆယ် ဘို့တွင်တဘို့ ကြွင်းသေးသော်လည်း ၊ ထိုအကြွင်းသည် အထပ်ထပ် ဖျက်ဆီး ခြင်းကို ခံ ရ လိမ့်မည်။ သို့ရာတွင်၊ ထင်းရူး ပင်နှင့် သပိတ် ပင်တို့ကို ခုတ်လှဲ ၍၊ သစ်ငုတ် သည် ကြွင်းသကဲ့သို့ ၊ သန့်ရှင်း သော အနွယ် သည် ထိုပြည်၌ အငုတ် ဖြစ်လိမ့်မည်ဟု မိန့် တော်မူ ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 22:18သင် ၏အမျိုးအနွယ် အားဖြင့် ၊ လူမျိုး ပေါင်း တို့သည် ကောင်းကြီး မင်္ဂလာကို ခံရကြလိမ့်မည်ဟု ငါ ၏ စကား ကို သင်နားထောင် သော ကြောင့် ၊ ငါသည်ကိုယ်ကိုကိုယ် တိုင်တည်၍ ကျိန်ဆို ၏ဟု ထာဝရ ဘုရား၏ အမိန့် တော်ကို ဆင့် ဆိုလေ၏။
Ezra 9:2အကြောင်း မူကား၊ သူ တို့သမီး များကို ကိုယ် ဘို့ ၎င်း၊ ကိုယ် သား ဘို့ ၎င်း၊ သိမ်း ယူသဖြင့် ၊ သန့်ရှင်း သော အမျိုး သည် ဤပြည်သား ရင်းအမျိုးနှင့် ရောနှော လျက်ရှိ၍ ၊ အကြီး အကဲနှင့် မင်း အရာရှိတို့သည်၊ ဤဒုစရိုက် အမှုကို အဦးပြုကြပြီတကားဟု ကြားပြောကြ၏။
Job 14:7သစ်ပင် ကိုခုတ် သော်လည်း ၊ အငုတ်အချည်းစည်း မရှိဘဲ အတက် ပေါက် လေဦးမည်ဟု မြော်လင့် စရာ ရှိ ၏။
Isaiah 4:3ထာဝရဘုရား သည် တရားစီရင် သောဝိညာဉ် ၊ မီးလောင် သောဝိညာဉ် တော်အားဖြင့် ၊ ဇိအုန် သတို့သမီး တို့၏အညစ်အကြေး ကို ဆေးကြော ၍၊ ယေရုရှလင် မြို့၏အသွေး ကိုမြို့ ထဲ က ပယ်ရှား တော်မူပြီးလျှင်၊
Isaiah 10:22အိုဣသရေလ အမျိုး ၊ သင်၏အမျိုးသားတို့သည် သမုဒ္ဒရာ သဲလုံး နှင့် အမျှ များသော်လည်း ၊ ကြွင်း သောသူတို့ သာလျှင် ပြန် လာကြလိမ့်မည်။ စီရင် ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်း ခြင်းသည် တရား သဖြင့် လွှမ်းမိုး ရ လိမ့်မည်။
Ezekiel 6:8သို့သော်လည်း ၊ သင် တို့သည် အပြည်ပြည် သို့ ကွဲပြား ကြသောအခါ ၊ လူ အမျိုးမျိုးတို့၏ထား နှင့် လွတ် သော သူအချို့ရှိ စေခြင်းငှါ အကျန် အကြွင်းကို ငါထား မည်။