Isaiah 32:17
ဖြောင့်မတ် ခြင်း တရားသည်လည်း ၊ ငြိမ်သက် ခြင်းကို ပြုစု လိမ့်မည်။ ဖြောင့်မတ် ခြင်း အကျိုး မူကား၊ ထာဝရ ငြိမ်သက် ခြင်းနှင့် လုံခြုံ ခြင်းတည်း။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Esther 9:30ယုဒ အမျိုးသားမော်ဒကဲ နှင့် မိဖုရား ဧသတာ မှာထား၍၊ ယုဒလူတို့သည် ကိုယ်အဘို့ နှင့် သားစဉ်မြေးဆက် အဘို့ စီရင် သည်အတိုင်း၊
Psalms 72:3တောင်ကြီးတောင် ငယ်တို့သည် တရား တော်အားဖြင့် ၊ ကိုယ်တော်၏ လူ တို့အား ချမ်းသာ ပေး ကြ ပါလိမ့်မည်။
Psalms 112:6အကယ် စင်စစ်လှုပ်ရှား ခြင်းနှင့်အစဉ် ကင်းလွတ် လိမ့်မည်။ ဖြောင့်မတ် သောသူသည် အစဉ် အမြဲအောက်မေ့ ဘို့ရာ ဖြစ် လိမ့်မည်။
Proverbs 1:33ငါ့ စကားကို နားထောင် သောသူမူကား လုံခြုံ စွာ နေ ၍ ၊ ဘေး ကို မ ကြောက်ဘဲငြိမ်ဝပ် လိမ့်မည်။
Isaiah 2:3များပြား သောသူ တို့ကလည်း ၊ လာ ကြလော့။ ထာဝရဘုရား ၏တောင် တော်၊ ယာကုပ် အမျိုး၏ ဘုရား သခင့်အိမ် တော်သို့ တက် သွားကြကုန်အံ့။ လမ်းခရီး တော် တို့ကို ပြသ သွန်သင်တော်မူ၍ ၊ ငါတို့သည် ခြေ တော်ရာသို့ လိုက်သွား ကြမည်ဟု ခရီးသွားလျက် ပြောဆို ကြလိမ့်မည်။ တရား တော်သည် ဇိအုန် တောင်မှ ၎င်း၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရုရှလင် မြို့မှ ၎င်း၊ ပေါ် ထွက်လိမ့်မည်။
Isaiah 11:6တောခွေး သည် သိုးသငယ် နှင့်အတူ နေ လိမ့်မည်။ ကျားသစ် သည် ဆိတ်သငယ် နှင့်အတူ အိပ် လိမ့်မည်။ နွားသငယ် ၊ ခြင်္သေ့ သငယ်၊ ဆူ အောင်ကျွေးသော အကောင်တို့သည် အတူ သွားလာကြ၍ ၊ လူသူငယ် သည် သူ တို့ကို ပို့ဆောင် လိမ့်မည်။