The Bible Software
Isaiah · မြန်မာကျမ်းစာ

Isaiah 32

1ကြည့်ရှု လော့။ တရား သဖြင့် အုပ်စိုး သော ရှင်ဘုရင် တပါး ပေါ်ထွန်းတော်မူလိမ့်မည်။ မင်းသားမှူးမတ် တို့ သည် တရား သဖြင့် စီရင် ကြလိမ့်မည်။

2ထိုမင်းတို့သည် လေ လုံ ၍ မိုဃ်းသက်မုန်တိုင်း ကွယ် ရာအရပ်ကဲ့သို့ ၎င်း၊ သွေ့ ခြောက်သောမြေ၌ စီးသော ချောင်း ရေ ကဲ့သို့ ၎င်း၊ နေပူ သော အရပ် ၌ ကျောက် လုံးကြီး အရိပ် ကဲ့သို့ ၎င်း ဖြစ် ကြလိမ့်မည်။

3မျက်စိ မြင် သောသူတို့သည် ရှင်းလင်းစွာ မြင် ကြ လိမ့်မည်။ နား ကြား သောသူတို့လည်း နားထောင် ကြ လိမ့်မည်။

4သတိ မရှိသောသူ၏ စိတ်နှလုံး သည် ဆင်ခြင် ၍ ပညာ ရှိလိမ့်မည်။ စကား အသောသူ၏လျှာ သည်လည်း စကား ပြီ အောင်ပြော တတ်လိမ့်မည်။

5ယုတ် သောသူကို နောက် တဖန်အမြတ် ဟူ၍၎င်း၊ စေးနှဲ သောသူကို လည်း နောက်တဖန် စွန့်ကြဲတတ် သော သူဟူ၍၎င်း မ ခေါ် ရ။

6အကြောင်း မူကား၊ ယုတ် သောသူသည် လျို့ဝှက်လျက်၊ ထာဝရဘုရား ကို နှုတ် ဖြင့်ပြစ်မှား လျက် ၊ မွတ်သိပ် သောသူကို သာ၍ဆင်းရဲ စေခြင်းငှါ ၎င်း၊ ရေငတ် သောသူကို ရေ မ သောက်စေခြင်းငှါ၎င်း၊ ယုတ် သောစကားကို ပြော ၍ မကောင်း သောအကြံ ကိုကြံ လေဦးမည်။

7စေးနှဲ သောသူ သုံးဆောင်ရာ တန်ဆာ သည် လည်း ဆိုး လှ၏။ ဆင်းရဲ ငတ်မွတ်သောသူ၏ အမှု သည် မှန် သော်လည်း ၊ ထိုသို့သောသူ ကို မုသာ စကား အားဖြင့် ဖျက်ဆီး ခြင်းငှါ ၊ မကောင်း သောအကြံကိုသာ ကြံ တတ်၏။

8စေတနာ ရှိသောသူမူကား ၊ စေတနာ နှင့်ဆိုင် သော အကြံတို့ကိုကြံစည် တတ်၏။ စေတနာ နှင့်ဆိုင်သောအရာများအားဖြင့် တည် ရလိမ့်မည်။

9ငြိမ်သက် စွာနေသောမိန်းမ တို့ထ ကြ။ ငါ ပြော သံ ကို ကြား ကြလော့။ သတိ မရှိသော သတို့သမီး တို့၊ ငါ စကား ကို နားထောင် ကြလော့။

10သတိ မရှိသောမိန်းမတို့၊ သင်တို့သည် တနှစ်လွန် မှပူပန် ကြလိမ့်မည်။ အကြောင်း မူကား၊ စပျစ်သီး ကို သိမ်း ခြင်းအမှုပြတ် လိမ့်မည်။ စပါးအသီးအနှံကို သိမ်းရာကာ လ မရောက်ရ။

11ငြိမ်သက် စွာ နေသောမိန်းမတို့၊ တုန်လှုပ် ကြလော့။ သတိ မရှိသောသူတို့၊ ပူပန် ခြင်းရှိကြလော့။ အဝတ် တန်ဆာရှိသမျှတို့ကို ပယ် ချွတ်ပြီးမှ၊ ခါး ၌ လျှော်တေအဝတ်ကို စည်း ကြလော့။

12ရင်ပတ်ကိုခတ်ခြင်း၊ သာယာ သော လယ်ယာ နှင့် အသီးများ သော စပျစ် နွယ်ပင်အတွက် ညည်းတွား ခြင်းရှိလိမ့်မည်။

13ငါ့ လူ တို့၏မြေ ကို၎င်း၊ ဝမ်းမြောက် သော အိမ် နှင့် ရွှင်လန်း သော မြို့ ကို၎င်း၊ ဆူး ပင်အမျိုးမျိုးတို့သည် တက် ၍ လွှမ်းမိုးကြလိမ့်မည်။

14ဘုံ ဗိမာန်တို့ကို စွန့်ပစ် ၍ မြို့ ၏ အသံ ဗလံ ငြိမ်း လိမ့်မည်။ ဩဖေလကုန်း နှင့် ရဲတိုက် တို့သည် အစဉ် မြေတွင်း နှင့် ပြည်စုံ၍၊ ရိုင်းသောမြည်း ပျော်မွေ့ ရာ၊ သိုးစု ကျက်စား ရာ ဖြစ် ကြလိမ့်မည်။

15ဝိညာဉ် တော်သည် ကောင်းကင် မှ ငါ တို့အပေါ် သို့သွန်းလောင်း ၍ ၊ တော သည် အသီးအနှံ များသော လယ်ဖြစ်၍၊ အသီးအနှံ များသော လယ်သည် တောအုပ် ကဲ့သို့ မှတ် ရသောကာလမရောက်မှီတိုင်အောင် ၊ ထိုသို့ ဖြစ် ကြလိမ့်မည်။

16ထိုအခါ တော ၌ ကား၊ တရား သဖြင့် စီရင်ခြင်းတည် ၍ ၊ အသီးအနှံ များသော လယ်၌ ကား၊ ဖြောင့်မတ် ခြင်းပါရမီသည် အမြဲနေ ရလိမ့်မည်။

17ဖြောင့်မတ် ခြင်း တရားသည်လည်း ၊ ငြိမ်သက် ခြင်းကို ပြုစု လိမ့်မည်။ ဖြောင့်မတ် ခြင်း အကျိုး မူကား၊ ထာဝရ ငြိမ်သက် ခြင်းနှင့် လုံခြုံ ခြင်းတည်း။

18ငါ ၏လူ တို့သည်လည်း ၊ ငြိမ်သက် သောနေရာ ၊ လုံခြုံ သောမြို့ ရွာ၊ ဘေးလွတ် သော ချမ်းသာ ရာအရပ်တို့ ၌ နေ ရကြလိမ့်မည်။

19သို့ရာတွင် ၊ မိုဃ်းသီး ကျသဖြင့် တောအုပ် ကို လှဲ ၍ ၊ မြို့ ကိုလည်း မြေ နှင့် တညီတည်း ဖြိုဖျက် လိမ့်မည်။

20ရေ ရှိရာအရပ်ရပ် တို့၌ မျိုးစေ့ကိုကြဲ ၍၊ နွား ခြေ နှင့် မြည်း ခြေ တို့ကို လွှတ် တတ်သောသင် တို့သည် မင်္ဂလာ ရှိကြ၏။

← Isaiah 31Read In The App, Free →Isaiah 33 →

Study Isaiah 32

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566