Isaiah 33:18
သင်သည် ကြောက်လန့် ဘွယ်သော အခြင်းအရာကို အောက်မေ့ သောအခါ၊ စာရင်း ယူသောသူသည် အဘယ်မှာ ရှိသနည်း။ အခွန်ခံ သောသူသည် အဘယ်မှာ ရှိသနည်း။ ပြအိုး တို့ကို ရေတွက် သောသူသည် အဘယ် မှာရှိသနည်း။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 23:16အာဗြဟံ သည်လည်း ၊ ဧဖရုန် စကားကို နားထောင် သည်ဖြစ်၍ ၊ ကုန်သည် သုံးတတ်သော ငွေမျိုး၊ ဟေသ အမျိုးသား ပရိသတ် ရှေ့ ၊ ဧဖရုန် အဘိုး ပြတ် သည် အတိုင်း ၊ ငွေ လေး ပိဿာ ကို ချိန် ၍ ၊ သူ့အားပေးလေ၏။
1 Samuel 30:6ဒါဝိဒ် သည် အလွန် စိတ်ငြိုငြင် ဆင်းရဲ၏။ လူ များတို့သည် မိမိ တို့ သား သမီး များကြောင့် စိတ် ညှိုးငယ် သဖြင့် ၊ ဒါဝိဒ်ကို ကျောက်ခဲနှင့် ပစ် ကြမည်ဟု ဆို ကြ၏။ ဒါဝိဒ် မူကား မိမိ ဘုရား သခင်ထာဝရဘုရား ကို ကိုးစား လျက်နေ၍၊
2 Kings 18:14ယုဒ ရှင်ဘုရင် ဟေဇကိ သည်အာရှုရိ ရှင်ဘုရင် ရှိ ရာလာခိရှ မြို့သို့ စေလွှတ် ၍ ၊ အကျွန်ုပ်မှား ပါပြီ။ ပြန် သွားတော်မူပါ။ ကိုယ်တော်တင် သမျှကိုထမ်း ပါမည်ဟု လျှောက် စေသော်၊ အာရှုရိ ရှင် ဘုရင်သည်ယုဒ ရှင်ဘုရင် ဟေဇကိ ၌ ငွေ အခွက် သုံး ထောင် ၊ ရွှေ အခွက် သုံး ရာကိုတောင်း၏
Psalms 31:7ကရုဏာ တော်ကြောင့် ဝမ်းသာ ရွှင်လန်း ခြင်း ရှိပါလိမ့်မည်။ ကိုယ်တော် သည် အကျွန်ုပ် ဆင်းရဲ ခြင်းကို ကြည့်ရှု ၍ ၊ အကျွန်ုပ် ၏ ဝိညာဉ် တွေ့ သောအမှုကို သိ မှတ် တော်မူ၏။
Psalms 71:20ကြီးမား ကြမ်းတမ်းသော ဘေး များ ကို အကျွန်ုပ် အားပြ တော်မူပြီ။ တဖန် အသက် ကို ချမ်းသာပေး၍ ၊ မြေကြီး နက်နဲ ရာထဲက တဖန် ထမြောက် စေတော်မူမည်။
Isaiah 17:14ညဦး ယံ ၌ ဘေး ရောက် ၍ ၊ နံနက် ယံမတိုင်မှီ ပျောက်ရှာကြလိမ့်မည်။ ငါ တို့ကို ညှဉ်းဆဲ သောသူတို့သည် ထိုသို့သော အကျိုး ၊ ငါ တို့ကို လုယူ ဖျက်ဆီးသောသူတို့ သည်၊ ထိုသို့ သော အမွေ ဥစ္စာကို ခံရကြလိမ့်မည်။