Isaiah 33:2
အိုထာဝရဘုရား ၊ အကျွန်ုပ် တို့ကို သနား တော်မူ ပါ။ အကျွန်ုပ်တို့သည် ကိုယ်တော် ကို မြော်လင့် ကြပါ၏။ နံနက် တိုင်း အကျွန်ုပ်တို့၌ ခွန်အား ကိုပေး တော်မူပါ။ အမှု ရောက်သောအခါ ၊ အကျွန်ုပ် တို့ကို ကယ်တင် တော်မူ ပါ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Psalms 25:3အကယ် စင်စစ်ကိုယ်တော် ကို မြော်လင့် သောသူတို့ သည် ရှက်ကြောက် ခြင်းသို့ မ ရောက်ရကြပါ။ အကြောင်း မရှိဘဲ သစ္စာ ကိုဖျက်သောသူတို့ သည် ရှက်ကြောက် ခြင်းသို့ ရောက်ရကြပါလိမ့်မည်။
Psalms 33:22အိုထာဝရဘုရား ၊ အကျွန်ုပ်တို့သည် ကိုယ်တော် ကို ကိုးစား သည်နှင့်အညီ ၊ အကျွန်ုပ် တို့အပေါ် မှာ ကရုဏာ တော် သက်ရောက် ပါစေသော။
Psalms 46:1ဘုရား သခင်သည် ငါ တို့ခိုလှုံ ရာ ဖြစ်၍ ၊ ခွန်အား ကိုပေး တော်မူ၏။ ဘေး ရောက် သည်ကာလ အထူး သဖြင့်ကူမ တော်မူကြောင်း ထင်ရှားလျက်ရှိ၏။
Psalms 50:15အမှု ရောက်သည်ကာလ ၌ ငါ့ ကိုပဌနာ ပြုလော့။ ငါသည် ကယ်လွှတ် မည်။ သင် သည်လည်း ငါ့ ကိုချီးမွမ်း လိမ့်မည်ဟု မိန့်တော်မူ၏။
Psalms 62:1အကယ် စင်စစ်ငါ့ ဝိညာဉ် သည် ဘုရား သခင်ရှေ့ မှာ ငြိမ်ဝပ် စွာ နေတတ်၏။ ငါ့ ကို ကယ်တင် ခြင်း အကြောင်းသည် အထံ တော်က သက်ရောက်ရ၏။
Psalms 62:8အိုလူ များတို့၊ ဘုရား သခင်၌ အစဉ် မပြတ်ခိုလှုံ ကြလော့။ ရှေ့ တော်၌ စိတ် နှလုံးကို ဖွင့် ပြကြလော့။ ဘုရား သခင်သည် ငါ တို့ ခိုလှုံ ရာဖြစ်တော်မူ၏။