Isaiah 33:1
သူတပါး လုယူ ခြင်းကို မ ခံဘဲလျက်၊ လုယူ တတ် သောသူ၊ သူတပါးဖျက်ဆီး ခြင်းကို မ ခံဘဲလျက်၊ ဖျက်ဆီး တတ်သောသူ၊ သင် သည်အမင်္ဂလာ ရှိ၏။ သင် သည် မလု မယူဘဲ နေသောအခါ လုယူ ခြင်းကိုခံ ရမည်။ ဖျက်ဆီး၍ မော သောအခါ ပျက်စီး ခြင်းသို့ရောက်လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Judges 1:7အဒေါနိဗေဇက် ကလည်း ၊ လက်မ နှင့် ခြေမဖြတ် သော မင်းကြီး ခုနစ်ဆယ် တို့သည်၊ အထက်က ငါ့ စားပွဲ အောက် ၌ စားနုပ်စားပေါက်ကို ကောက် ၍ စားရကြ၏။ ငါပြု ဘူးသည်အတိုင်း ၊ ဘုရား သခင်သည် ငါ ၌ အပြစ် ပေးတော်မူပြီဟု ဆို ၏။ ထိုမင်း ကို ယေရုရှလင် မြို့သို့ ပို့ ၍ သူသည် ထို မြို့မှာ သေ လေ၏။
2 Chronicles 28:16ထိုအခါ အာရှုရိ ရှင်ဘုရင် လာ၍ ကူမ စေခြင်းငှါ ၊ အာခတ် မင်းကြီး သည် သံတမန်ကို စေလွှတ် လေ၏။
Isaiah 10:5အာရှုရိ လူသည်အမင်္ဂလာ ရှိ၏။ ငါ့ အမျက် ၏ လှံတံ ဖြစ်၏။ သူ ကိုင် သောတောင်ဝေး သည် ငါ ဒဏ် ပေး စရာဘို့ ဖြစ်၏။
Isaiah 17:14ညဦး ယံ ၌ ဘေး ရောက် ၍ ၊ နံနက် ယံမတိုင်မှီ ပျောက်ရှာကြလိမ့်မည်။ ငါ တို့ကို ညှဉ်းဆဲ သောသူတို့သည် ထိုသို့သော အကျိုး ၊ ငါ တို့ကို လုယူ ဖျက်ဆီးသောသူတို့ သည်၊ ထိုသို့ သော အမွေ ဥစ္စာကို ခံရကြလိမ့်မည်။
Isaiah 24:16သန့်ရှင်း တော်မူသောသူသည် ဘုန်းကြီး တော်မူစေသတည်းဟု မြေကြီး စွန်း မှ သီချင်း ဆိုသံကို ငါတို့သည် ကြား ရ၏။ ငါမူကား ၊ အလွန်ဆင်းရဲ ၏။ အလွန်ဆင်းရဲ ၏။ အမင်္ဂလာ ရှိ၏။ လုယက် သောသူတို့သည် လုယက် လျက် နေကြ၏။ လုယက် သောသူတို့သည် ကြမ်းတမ်းစွာ လုယက် ကြ၏။
Jeremiah 25:12ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အနှစ် ခုနစ်ဆယ် စေ့ သောအခါ ၊ ဗာဗုလုန် ရှင်ဘုရင် နှင့် သူ၏ နိုင်ငံ တည်းဟူသောခါလဒဲ တိုင်း နိုင်ငံ၏ အပြစ် ကြောင့်၊ ငါသည် သူတို့ကို ဒဏ် ပေး၍ ၊ ထိုနိုင်ငံ ကို အစဉ် အမြဲ လူဆိတ်ညံ ရာအရပ် ဖြစ် စေမည်။