Isaiah 34:6
ထာဝရဘုရား ၏ ထား တော်သည် အသွေး နှင့် ဝ ပြီ။ ဆီဥ နှင့် ဆူ ပြီ။ သိုးသငယ် နှင့် ဆိတ် တို့၏ အသွေး ၊ သိုး ထီးတို့၏ ကျောက်ကပ် ဆီဥ နှင့် ဆူဝပြီ။ ထာဝရဘုရား သည် ဗောဇရ မြို့၌ ယဇ် ပွဲကို၎င်း၊ ဧဒုံ ပြည် ၌ ကြီး စွာသော သတ် ခြင်းပွဲကို၎င်း ခံတော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
1 Chronicles 1:44ဗေလ မင်းသေ ၍ သူ ၏အရာ ၌ ဗောဇရ အရပ်သားဇေရ ၏ သား ယောဗပ် သည် မင်း ပြုလေ၏။
Isaiah 34:5အကြောင်း မူကား၊ ငါ့ ထား သည် မိုဃ်းကောင်းကင် ၌ ရောင့်ရဲ ပြီးမှ၊ တဖန် ဧဒုံ ပြည် အပေါ်မှာ၎င်း၊ ငါ ကျိန် သောလူ များတို့အပေါ် မှာ၎င်း၊ ဒဏ် ပေးခြင်းငှါရောက်လိမ့်မည်။
Isaiah 63:3စပျစ်သီးကို ငါ တယောက် တည်းနင်းနယ် ရပြီ။ လူ များအထဲ ကတယောက် မျှမ ပါ။ သူ တို့ကို ငါ အမျက် ထွက်၍ ကျော် နင်းပြီ။ ပြင်းစွာအမျက် ထွက်၍ နှိပ်နင်း ပြီ။ သူ တို့အသွေး သည် ငါ့ အဝတ် ပေါ် မှာ ဖျန်း လျက်ရှိပြီ။ ငါ့ အဝတ် တန်ဆာရှိသမျှ ကို ငါ ဆိုးပြီ။
Jeremiah 49:13ဗောဇရ ပြည်သည်အံ့ဩ ရာ၊ ကဲ့ရဲ့ ရာ၊ လူဆိတ်ညံ ရာ၊ ကျိန်ဆဲ ရာဖြစ် ရလိမ့်မည်။ သူ ၏ မြို့ အလုံးစုံ တို့သည်လည်း၊ အစဉ် သုတ်သင် ပယ်ရှင်းရာဖြစ် ရကြ လိမ့်မည်ဟု၊ ငါသည်ကိုယ် ကို တိုင်တည်၍ကျိန်ဆို ပြီဟု၊ ထာဝရဘုရား မိန့် တော်မူ၏။
Jeremiah 51:40အသေသတ် ခြင်းငှါ ဆွဲ၍ချသော သိုးသငယ် ကို ကဲ့သို့ ၎င်း ၊ သိုးထီး ၊ ဆိတ်ထီး ကိုကဲ့သို့ ၎င်း ငါ ဆွဲ၍ချမည်။
Ezekiel 21:10ထက်၍ အထူးသဖြင့်လုပ်ကြံ စေခြင်းငှါသွေး လေပြီ။ ပြောင်၍ အရောင် တောက်စေခြင်းငှါလည်း ပွတ် လေပြီ။ ငါ့ သား ၏ ရာဇလှံတံ ကြောင့် ရွှင်လန်း ခြင်းကို ပြုရမည်လော။ ထိုထားသည် သစ်သား ရှိသမျှ ကို မထီမဲ့မြင်ပြု တတ်၏။