ယေရမိအနာဂတ္တိကျမ်း 49:13
ဗောဇရ ပြည်သည်အံ့ဩ ရာ၊ ကဲ့ရဲ့ ရာ၊ လူဆိတ်ညံ ရာ၊ ကျိန်ဆဲ ရာဖြစ် ရလိမ့်မည်။ သူ ၏ မြို့ အလုံးစုံ တို့သည်လည်း၊ အစဉ် သုတ်သင် ပယ်ရှင်းရာဖြစ် ရကြ လိမ့်မည်ဟု၊ ငါသည်ကိုယ် ကို တိုင်တည်၍ကျိန်ဆို ပြီဟု၊ ထာဝရဘုရား မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 49
Cross References
Genesis 36:33ဗေလာ မင်းသေ ၍ သူ ၏အရာ ၌ ဗောဇရ အရပ် သား၊ ဇေရ ၏သား ယောဗပ် သည် မင်း ပြုလေ၏။
Isaiah 34:6ထာဝရဘုရား ၏ ထား တော်သည် အသွေး နှင့် ဝ ပြီ။ ဆီဥ နှင့် ဆူ ပြီ။ သိုးသငယ် နှင့် ဆိတ် တို့၏ အသွေး ၊ သိုး ထီးတို့၏ ကျောက်ကပ် ဆီဥ နှင့် ဆူဝပြီ။ ထာဝရဘုရား သည် ဗောဇရ မြို့၌ ယဇ် ပွဲကို၎င်း၊ ဧဒုံ ပြည် ၌ ကြီး စွာသော သတ် ခြင်းပွဲကို၎င်း ခံတော်မူ၏။
Isaiah 45:23ငါ့ ရှေ့ ၌ လူတိုင်း ဒူးထောက် ရမည်၊ လူတိုင်း မိမိ နှုတ် နှင့် သစ္စာခံ ရမည်ဟု ကိုယ်ကိုကိုယ် တိုင်တည် ၍ ငါကျိန်ဆိုသော တရား စကား သည် ငါ့ နှုတ် မှ ထွက် သည် ဖြစ်၍ ၊ မ ပြည့်စုံ ဘဲ မနေရ။
Jeremiah 44:26သို့ဖြစ်၍ အဲဂုတ္တု ပြည် ၌ နေ သောယုဒ လူ အပေါင်း တို့၊ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ကြလော့။ ထာဝရဘုရား မိန့် တော်မူသည်ကား၊ အရှင် ထာဝရဘုရား အသက် ရှင်တော်မူသည်ဟူ၍အဲဂုတ္တု ပြည် တရှောက်လုံး တွင် ၊ ယုဒ လူ တယောက်မျှ ငါ ၏ နာမ ကို မမြွက် မ ဆိုရမည်အကြောင်း၊ ငါသည် ကိုယ် မဟာ နာမ ကို တိုင်တည်၍ ကျိန်ဆို ၏။
Jeremiah 49:17ဧဒုံ ပြည်သည် အံ့ဩ ရာဖြစ် ၍၊ ရှောက်သွား သော သူတိုင်း အံ့ဩ ကြလိမ့်မည်။ သူ ခံရသောဘေးဥပဒ် အပေါင်း တို့ကြောင့် ကဲ့ရဲ့ သံကို ပြုကြလိမ့်မည်။
Ezekiel 25:13အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဧဒုံ ပြည်ကို ငါတိုက် ၍ လူ နှင့် တိရစ္ဆာန် တို့ကို ပယ်ဖြတ် မည်။ တေမန် မြို့မှစ၍ လူဆိတ်ညံ စေမည်။ ဒေဒန် မြို့တိုင်အောင် ထား ဖြင့် ဆုံး ရကြလိမ့်မည်။