Isaiah 35:9
ထို လမ်း၌ ခြင်္သေ့ မ ရှိ ရ။ သားရဲ တကောင်မျှ မ တက် မလာရ။ ရှာ ၍ မ တွေ့ရ။ ရွေးနှုတ် သောသူတို့သာ လျှင် ခရီးသွား ကြလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 15:13ရွေး တော်မူသော လူ မျိုးကို ကရုဏာ တော်အားဖြင့် ပို့ဆောင် တော်မူ၏။ သန့်ရှင်း သော နေ တော်မူရာသို့ တန်ခိုး တော်အားဖြင့် လမ်းပြ တော်မူ၏။
Isaiah 30:6ခြင်္သေ့ မ၊ ခြင်္သေ့ ပျို၊ မြွေဆိုး ၊ ပျံ တတ်သော မီး မြွေ များသဖြင့်၊ အလွန်ခဲယဉ်း ၍ ဆင်းရဲ သောပြည် ကို ရှောက် လျက်၊ တောင် မျက်နှာသို့သွားသော တိရစ္ဆာန်တို့အပေါ် မှာ တင်သော ဝန်များကို ကြည့်ရှုကြလော့။ မြည်း ပခုံး ပေါ်မှာ ဥစ္စာ ပစ္စည်းများကို၎င်း ၊ ကုလားအုပ် ၏ ဘို့ ပေါ် မှာ ဘဏ္ဍာ များကို၎င်း တင် ၍၊ ကျေးဇူး မ ပြုနိုင်သော လူမျိုး ထံသို့ ဆောင်သွားကြသည်တကား။
Isaiah 62:10မြို့တံခါး မှ ထွက် ကြ။ ထွက် ကြ။ လူ များဘို့လမ်း ကို ပြင် ကြ။ မြေဖို့ ကြ။ ဖို့ ကြ။ ကျောက် များကို ပယ်ရှင်း ကြ။ လူ များဘို့ အလံ ကို ထူ ကြ။
Isaiah 63:4အပြစ် ပေးသော နေ့ရက် ကို ငါ အောက်မေ့ ပြီ။ ငါ ရွေးနှုတ် သောသူတို့ ၏ နှစ် သည် ရောက် လာပြီ။
Ezekiel 34:25သူ တို့နှင့် ငြိမ်သက် ခြင်း ပဋိညာဉ် ကို ငါဖွဲ့ ၍ ၊ ဆိုး သောသားရဲ တို့ကို ထိုပြည် ၌ ပယ်ဖြတ် မည်။ သူတို့သည် လွင်ပြင် ၌ ငြိမ်ဝပ် စွာနေ ၍ တော ၌ အိပ်ပျော် ကြလိမ့်မည်။