Isaiah 62:10
မြို့တံခါး မှ ထွက် ကြ။ ထွက် ကြ။ လူ များဘို့လမ်း ကို ပြင် ကြ။ မြေဖို့ ကြ။ ဖို့ ကြ။ ကျောက် များကို ပယ်ရှင်း ကြ။ လူ များဘို့ အလံ ကို ထူ ကြ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 17:15မောရှေ သည်လည်း ယဇ် ပလ္လင်ကို တည် ၍ ၊ ယေဟောဝါ နိဿိ ဟု သမုတ် လေ၏။
Isaiah 11:10ထို ကာလ ၌ ယေရှဲ ၏အမြစ် သည် ပေါက်၍၊ လူ များ အဘို့ထူ သော အလံ ဖြစ်လိမ့်မည်။ ထိုအလံ ၌ တပါးအမျိုးသား တို့သည် ဆည်းကပ် ကြလိမ့်မည်။ ကျိန်းဝပ် တော်မူရာအရပ်သည်လည်း ဘုန်းကြီး လိမ့်မည်။
Isaiah 11:16ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တု ပြည် မှ ထွက် သွားသောအခါ၌ ဖြစ်သကဲ့သို့ ၊ အာရှုရိ ပြည်မှ ကျန် ကြွင်းသော ကိုယ်တော် ၏လူ တို့သွားရာလမ်း ကြီးဖြစ် ရလိမ့်မည်။
Isaiah 35:8ထို အရပ်၌ လမ်းမ ကြီး ရှိ လိမ့်မည်။ ထိုလမ်းကို သန့်ရှင်း ရာလမ်း ဟု သမုတ် ကြလိမ့်မည်။ မစင်ကြယ် သောသူသည် ထိုလမ်း ကို မ ရှောက် မသွားရ။ သွား သောသူတို့ နှင့်အတူကိုယ်တော် တိုင်ခရီးသွားလျက် ရှိတော်မူသည် ဖြစ်၍၊ မိုက် သောသူသော်လည်းလမ်း မ လွဲ ရ။
Isaiah 40:3တော ၌ ဟစ်ကြော် သောသူ ၏အသံ မှာ၊ ထာဝရဘုရား ကြွတော်မူရာ လမ်း ကို ပြင် ကြလော့။ ငါ တို့ ဘုရား သခင် ၏ လမ်း ခရီးတော်ကို လွင်ပြင် ၌ ဖြောင့် စေ ကြလော့။
Isaiah 48:20ဗာဗုလုန် မြို့ထဲက ထွက် ကြလော့။ ရွှင်လန်း စွာ သီချင်းသံနှင့် ခါလဒဲ လူတို့နေရာမှ ပြေး ကြလော့။ ဤ သိတင်းစကားကို မြေကြီး စွန်း တိုင်အောင် ပြန်ပြော မြွက်ဆို ၍ အသံ ကို လွှင့်ကြလော့။ ထာဝရဘုရား သည် မိမိ ကျွန် ယာကုပ် ကို ရွေးနှုတ် တော်မူပြီဟုပြော ဆိုကြ လော့။