Isaiah 37:20
အိုအကျွန်ုပ် တို့ ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် ထာဝရဘုရား တပါး သာ၊ ဘုရားသခင်ဖြစ်တော်မူ သည်ကို မြေကြီး ပေါ်မှာရှိသမျှ သော တိုင်း နိုင်ငံတို့သည် သိ မည်အကြောင်း ၊ အကျွန်ုပ် တို့ကို ထိုမင်း လက် မှ ယခု ကယ် ယူတော်မူပါ၊ အကျွန်ုပ်တောင်းပန်ပါသည်ဟု ပဋ္ဌနာ ပြုလေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 9:15ငါ့ လက် ကို ငါဆန့် ၍ သင် နှင့် သင် ၏လူ တို့ကို ကာလနာ ဖြင့် ဒဏ်ခတ် မည်။ သင့်ကိုလည်း မြေကြီး ပေါ် က သုတ်သင် ပယ်ရှင်းမည်။
1 Samuel 17:45ဒါဝိဒ် ကသင် သည် ထား ၊ လှံ ၊ ကိဒုန် ပါ လျက် ငါ့ ထံသို့ လာ ၏။ ငါ သည် သင် ကြိမ်းပ သော ဣသရေလ ဗိုလ်ခြေ တို့၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ နာမ တော်ပါ လျက် သင် ရှိရာသို့ လာ ၏။
1 Kings 8:59ငါ တို့ဘုရားသခင် ထာဝရဘုရား သည် မိမိ ကျွန် နှင့် မိမိ လူ ဣသရေလ အမျိုးသားတို့၏အမှု ကို စောင့် စရာအကြောင်း ရှိသည်အတိုင်း၊
1 Kings 18:36ညဦးယံယဇ် ပူဇော် ချိန်ရောက်သောအခါ ၊ ပရောဖက် ဧလိယ သည် ချဉ်းလာ ၍ ၊ အာဗြဟံ ၊ ဣဇာက် ၊ ဣသရေလ တို့၏ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော် သည် ဣသရေလ အမျိုး၏ဘုရားသခင် ဖြစ်တော်မူကြောင်း ကို၎င်း၊ အကျွန်ုပ် သည် ကိုယ်တော် ကျွန် ဖြစ်၍ အမိန့် တော်အတိုင်း ဤ အမှု အလုံးစုံ တို့ကို ပြု ကြောင်းကို၎င်း၊ ယနေ့ သိ ကြပါစေသော။
Psalms 59:13အမျက် တော်အားဖြင့် ပျောက်ပျက် စေတော်မူပါ။ အကုန် အစင်ပျောက်ပျက် စေတော်မူပါ။ ဘုရား သခင်သည် ယာကုပ် အမျိုးမှစ၍ မြေကြီး စွန်း တိုင်အောင် အုပ်စိုး တော်မူကြောင်း ကို သူ တို့သည် သိ ကြ ပါစေသော။
Psalms 83:17စိတ်ပျက် ၍ အစဉ် ပင်ပန်း ခြင်း ရှိကြပါစေသော။ အရှက်ကွဲ ၍ ဆုံးရှုံး ခြင်းသို့ ရောက်ကြပါစေသော။