Isaiah 37:19
သူ တို့၏ ဘုရား များကို မီး ထဲသို့ ချ ပစ်ကြပါပြီ။ ထိုဘုရားတို့သည် ဘုရား မဟုတ် ၊ လူ လက် ဖြင့်လုပ် သော သစ်သား နှင့် ကျောက် ဖြစ်သောကြောင့် ၊ ပျက်စီး ခြင်းသို့ ရောက်ကြပါပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
18အိုထာဝရဘုရား ၊ အကယ်စင်စစ်အာရှုရိ ရှင် ဘုရင်တို့သည် အတိုင်းတိုင်း အပြည်ပြည် တို့ကို ဖျက်ဆီး ၍၊
Cross References
2 Samuel 5:21ထို အရပ်၌ ဖိလိတ္တိလူများ ပစ်ထား သောရုပ်တု များကို၊ ဒါဝိဒ် နှင့် သူ ၏လူ တို့သည် ရှင်းရှင်းဖျက်ဆီး ကြ၏။
Isaiah 10:7သို့ သော်လည်း၊ သူသည်အခြားသောအကြံ၊ အခြားသော အလိုရှိ၏။ သူသည်ဖျက်ဆီး ၍ ၊ များစွာသောလူမျိုး တို့ကို ဖယ်ရှင်း ခြင်းငှါ အလိုရှိ၏။
Isaiah 10:10ရှမာရိ ရုပ်တုနှင့် ယေရုရှလင် ရုပ်တုထက် သာ၍မြတ် သော ရုပ်တု ဆင်းတု ကို ကိုးကွယ်သော တိုင်း နိုင်ငံများကို ငါ လု ယူသကဲ့သို့ ၎င်း၊
Isaiah 26:14ထိုသခင်တို့သည် သေ ကြပါပြီ။ တဖန် အသက် မ ရှင်ရကြပါ။ သင်္ချိုင်းသားဖြစ်၍ထ မြောက်ခြင်းမ ရှိရကြ ပါ။ သူ တို့ကို ကြည့်ရှုဖျက်ဆီး ၍ ၊ သူ တို့၏အမှတ် မျှ မရှိစေခြင်းငှါပယ်ရှင်း တော်မူပြီ။
Isaiah 40:19ပန်းတဉ်း သမားသည် ရုပ်တု ကို သွန်း ပြီးမှ ၊ ပန်းထိမ် သမားသည် ရွှေ နှင့် မွမ်းမံ ၍ ၊ ငွေ ကြိုးကိုလည်း လုပ် တတ်၏။
Isaiah 41:24သင် တို့သည် အဘယ် မျှမဟုတ်သော အရာ ထက်သာ၍ယုတ်မာ ကြ၏။ သင် တို့အမှု လည်း ၊ အဘယ်မျှ မဟုတ်သော အမှုထက်သာ၍ယုတ်မာ ၏။ သင် တို့ကို ရွေး ယူသောသူသည် ရွံ့ရှာ ဘွယ် ဖြစ်၏။