Isaiah 38:13
ငါ့ အရိုး ရှိသမျှတို့ကို ချိုး တော်မူသည် ဖြစ်၍၊ ငါသည် ခြင်္သေ့ ဟောက်သကဲ့သို့ နံနက် တိုင်အောင် မြည်ရ ၏။ တနေ့ခြင်းတွင် ငါ့ ကို ဆုံး စေတော်မူလိမ့်မည်ဟု ငါဆိုသတည်း။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
1 Kings 20:36ပရောဖက်ကလည်း၊ ထာဝရဘုရား ၏ အမိန့် တော်ကို နား မ ထောင်သောကြောင့် ငါ့ ထံမှ သွား စဉ်တွင်၊ ခြင်္သေ့ သတ် လိမ့်မည်ဟုဆို သည်အတိုင်း ၊ ထိုသူသွား စဉ်တွင် ခြင်္သေ့ တွေ့ ၍ သတ် ၏။
Job 10:16အကျွန်ုပ်ထ လျှင် ကိုယ်တော်သည် ခြင်္သေ့ ကဲ့သို့ အကျွန်ုပ် အပေါ် သို့ ခုန်၍ ကြောက်မက် ဘွယ်သော အခြင်းအရာတို့ကို ပြတော်မူ၏။
Psalms 39:10အကျွန်ုပ် ကို ဒဏ်ခတ် တော်မမူပါနှင့်ဦး။ လက် တော်အောက်၌ ဆုံးမ ခြင်းကိုခံ ရ၍ အား ကုန်ပါပြီ။
Psalms 51:8စိတ်သက်သာဝမ်းမြောက် ခြင်း ရှိမည်အကြောင်းစကားကို အကျွန်ုပ် အားကြား စေတော်မူပါ။ သို့ပြုလျှင်၊ ချိုးဖဲ့ တော်မူသောအရိုး တို့သည် ရွှင်မြူး ခြင်းရှိကြပါလိမ့် မည်။
Lamentations 3:4ငါ့ အရေ နှင့် အသား ကို ဆွေးရိ စေ၍ ငါ့ အရိုး တို့ကိုလည်း ချိုး တော်မူ၏။
Hosea 5:14အကြောင်း မူကား၊ ငါ သည် ဧဖရိမ် ၌ ခြင်္သေ့ ကဲ့သို့ ၎င်း ၊ ယုဒ အမျိုး ၌ ခြင်္သေ့ ပျိုကဲ့သို့ ၎င်း ဖြစ်မည်။ ငါ သည် ကိုယ်တိုင်ကိုက် ဖြတ်၍ သွား မည်။ ချီသွား ၍ အဘယ် သူမျှမ နှုတ်ရ။