Isaiah 38:14
ငါသည် တီတီတွတ် နှင့် ဇရက်ကဲ့သို့မြည်၍ ချိုး ကဲ့သို့ ညည်း တွန်ရ၏။ ငါ့ မျက်စိ တို့သည် မျှော်ကြည့်၍ အား လျော့ကြပြီ။ အိုဘုရား ရှင်၊ ညှဉ်းဆဲခြင်းကို ခံရသောအကျွန်ုပ် ဘက်၌ နေ တော်မူပါ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Job 17:3အပေါင် ထားပါတော့။ အာမခံပေးပါတော့။ အဘယ်သူ သည် ငါနှင့်ဂတိသစ္စာထားမည်နည်း။
Psalms 69:3အော်ဟစ် ၍ ပင်ပန်း ပါပြီ။ လည်ချောင်း ခြောက် ပါပြီ။ အကျွန်ုပ် ၏ ဘုရား သခင်ကို အကျွန်ုပ် မျှော် ကြည့် ၍ မျက်စိပျက် ပါပြီ။
Psalms 119:82အကျွန်ုပ် ကို အဘယ် ကာလမှ ချမ်းသာ ပေး တော်မူပါမည်နည်းဟူ၍၊ အကျွန်ုပ် မျက်စိ တို့သည် ဗျာဒိတ် တော်ကို မြော်လင့်လျက်အား ကုန်ပါ၏။
Psalms 123:1ကောင်းကင် ဘုံ၌ ကျိန်းဝပ် တော်မူ သောဘုရား၊ ကိုယ်တော် ကို အကျွန်ုပ် မျှော် ကြည့် ပါ၏။
Isaiah 59:11ငါ တို့ရှိသမျှ သည် ဝံ ကဲ့သို့ မြည်တမ်း ၍ ၊ ချိုး ကဲ့သို့ ညည်းညူ ကြ၏။ တရား စီရင်ခြင်းကို မြော်လင့် ၍ မ ရကြ။ ကယ်တင် ခြင်းကျေးဇူးကို မြော်လင့်သော်လည်း၊ ငါ တို့နှင့် ဝေး လှ၏။
Ezekiel 7:16သို့ရာတွင် လွတ် သောသူတို့သည် လွတ် သောအခါ ၊ အသီးအသီး မိမိ တို့အပြစ် ကြောင့် စိတ် မသာ ညည်းတွားလျက် ၊ ချိုင့် သားချိုး ကဲ့သို့ တောင် ပေါ် မှာ ရှိ ကြ လိမ့်မည်။