Isaiah 38:17
အကျွန်ုပ်ခံရသော ဝေဒနာသည် ငြိမ်းပါပြီ။ အကျွန်ုပ်၏ ဝိညာဉ်ကို သနား၍၊ ဖျက်ဆီးရာ တွင်းထဲက နှုတ်ယူတော်မူပြီ။ အကျွန်ုပ်အပြစ်ရှိသမျှတို့ကို နောက် တော်သို့ ပစ်လိုက်တော်မူပြီ။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Job 3:25ငါကြောက်သော အမှုသည် ငါ၌ရောက်လာပြီ။ ငါအလွန်ကြောက်သောဘေးသည် ငါ့ကိုတွေ့မိပြီ။
Psalms 10:2မတရားသောသူသည် မာနစိတ်ရှိ၍၊ ဆင်းရဲ သော သူကိုညှဉ်းဆဲတတ်ပါ၏။ မိမိပြုသောပရိယာယ် အားဖြင့် ထိုသူကို ဘမ်းဆီးတတ်ပါ၏။
Psalms 30:6ငါသည် လှုပ်ရှားခြင်းနှင့် အစဉ်ကင်းလွတ်လိမ့် မည်ဟု ကောင်းစားစဉ်အခါ အကျွန်ုပ်အောက်မေ့ပါ၏။
Psalms 85:2ကိုယ်တော်၏ လူတို့အပြစ်ကိုလွှတ်၍၊ သူတို့၏ ဒုစရိုက်အပေါင်းကိုလည်း ဖုံးအုပ်တော်မူပြီ။
Psalms 88:4အကျွန်ုပ်သည် သင်္ချိုင်းတွင်းထဲသို့ ဆင်းသော သူတို့နှင့်အတူ ရေတွက်ဝင်ခြင်းသို့ ရောက်ပါ၏။ အား ကုန်သော သူကဲ့သို့ ဖြစ်ပါ၏။
Psalms 103:4သင်၏အသက်ကို ဖျက်ဆီးခြင်းထဲက ရွေး၍ ကျေးဇူးတော်၊ ကရုဏာတော်များနှင့် သင်၏ခေါင်းကို ပတ်ရစ်တော်မူ၏။