Isaiah 38:9
ယုဒ မင်းကြီး ဟေဇကိ သည် အနာ မှ ထမြောက် ၍ ရေးထားသော စာ ဟူမူကား၊
မြန်မာကျမ်းစာ
In The King James Version
The writing of Hezekiah king of Judah, when he had been sick, and was recovered of his sickness:
In Context
Cross References
Exodus 15:1ထိုအခါ မောရှေ နှင့် ဣသရေလ အမျိုးသား တို့သည်၊ ထာဝရဘုရား အား သီချင်း ဆို သော စကား ဟူမူကား ၊ ထာဝရဘုရားသည် ဘုန်းပွင့် လျက် အောင်ပွဲ ခံတော်မူသည်ဖြစ်၍ ၊ ကိုယ်တော် အား သီချင်း ဆိုပါအံ့။ မြင်း နှင့် မြင်းစီး သူရဲကို ပင်လယ် ထဲသို့ လှဲချ တော်မူပြီ။
Judges 5:1ထို နေ့ ၌ ဒေဗောရ နှင့် အဘိနောင် ၏ သား ဗာရက် တို့ဆို သော သီချင်းစကားဟူမူကား၊
2 Chronicles 29:30တဖန် ဟေဇကိ မင်းကြီး နှင့် မှူးမတ် တို့သည် စီရင် ၍၊ လေဝိ သားတို့သည် ဒါဝိဒ် စကား ၊ ပရောဖက် အာသပ် စကားအားဖြင့် ၊ ထာဝရဘုရား အား ထောမနာ သီချင်းဆိုကြ၏။ ရွှင်လန်းသောစိတ်နှင့် ထောမနာ သီချင်းကိုဆိုလျက်၊ ဦးညွှတ် ချ၍ ကိုးကွယ် ကြ၏။
Psalms 18:1အိုထာဝရဘုရား ၊ အကျွန်ုပ် ၏ ခွန်အား ဗလ တည်းဟူသောကိုယ်တော် ကို အကျွန်ုပ်ချစ် ပါ၏။
Psalms 107:17မိုက် သောသဘောရှိသောသူတို့ သည်လမ်း လွှဲ ၍ ၊ ဒုစရိုက် ကို ပြုသောကြောင့် ဆင်းရဲခြင်း နှင့် တွေ့ကြုံရကြ၏။
Psalms 118:18ထာဝရ ဘုရားသည် ငါ့ ကိုကျပ်တည်းစွာ ဆုံးမ သော်လည်း ၊ သေ ခြင်း၌ အပ် တော်မ မူသေး။