Isaiah 39:6
နန်းတော် ၌ ရှိသမျှ ကို ၎င်း၊ ယနေ့ တိုင်အောင် ဘိုးဘေး တို့သည် ဆည်းဖူး သမျှကို၎င်း၊ ဗာဗုလုန် မြို့သို့ ယူသွား ရသောကာလ သည် ရောက် လိမ့်မည်။ တစုံတခု မျှ မ ကျန် ကြွင်းရဟု ထာဝရဘုရား မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
5ထိုအခါ ဟေရှာယ က၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို နားထောင် လော့။
Cross References
2 Kings 24:13ထာဝရဘုရား မိန့် တော်မူဘူးသည်အတိုင်း ဗိမာန် တော်ဘဏ္ဍာ နှင့် နန်းတော် ဘဏ္ဍာ ရှိသမျှ ကို သိမ်းသွား ၍ ၊ ဗိမာန် တော်အဘို့ ဣသရေလ ရှင်ဘုရင် လုပ် သော ရွှေ တန်ဆာ အလုံးစုံ တို့ကို အပိုင်းပိုင်း ဖြတ်လေ၏
2 Chronicles 36:10နှစ် လည် သောအခါ ၊ နေဗုခဒ်နေဇာ မင်းကြီး သည် စစ်ချီ စေ၍ ၊ ထိုမင်းနှင့်တကွကောင်းမွန် သော ဗိမာန် တော်တန်ဆာ တို့ကို ဗာဗုလုန် မြို့သို့ ယူ သွား၍ ၊ ဘထွေး တော် ဇေဒကိ ကို၊ ယုဒ ပြည် ယေရုရှလင် မြို့ နန်းတော် ပေါ်မှာ တင်လေ၏။
Jeremiah 20:5ဤ မြို့ ၏ အစွမ်း သတ္တိရှိ သမျှကို၎င်း ၊ လုပ်ဆောင်၍ ရသမျှ သော ဥစ္စာ ကို၎င်း ၊ ဆည်းဖူးသမျှ သောရတနာ ကို၎င်း ၊ ယုဒ ရှင်ဘုရင် ၏ ဘဏ္ဍာ တော် အလုံးစုံ တို့ကို၎င်း၊ ရန်သူ လက် သို့ ငါအပ် သဖြင့် ၊ ရန်သူတို့သည် လုယက် ၍ ဗာဗုလုန် မြို့သို့ သိမ်း သွားကြလိမ့်မည်။
Jeremiah 52:17ဗိမာန် တော်၌ ကြေးဝါ တိုင် တို့ကို၎င်း ၊ ကြေးဝါ ရေကန် ကို၎င်း၊ ရေချိုးအင်တုံ အခြေအမြစ်တို့ကို၎င်း၊ ခါလဒဲ လူတို့သည်ချိုးဖဲ့ ၍ ၊ ကြေးဝါ ရှိသမျှ ကို ဗာဗုလုန် မြို့သို့ ယူသွား ကြ၏။
Daniel 1:2ထာဝရ ဘုရားသည် ယုဒ ရှင်ဘုရင် ယောယကိမ် မှစ၍ ဗိမာန် တော်တန်ဆာ အချို့ တို့ကို နေဗုခဒ်နေဇာလက် သို့ အပ်နှံ တော်မူ၍ ၊ ထိုတန်ဆာ များကို နေဗုခဒ်နေဇာမင်းသည် ရှိနာ ပြည် ၌ရှိသောမိမိ ဘုရား ၏ကျောင်း သို့ ယူ သွားပြီးလျှင် ၊ ရွှေ တိုက်၌ သွင်း ထားတော်မူ၏။