The Bible Software
Isaiah · မြန်မာကျမ်းစာ

Isaiah 39

1ထို ကာလ အခါ ဗာလဒန် သား ၊ ဗာဗုလုန် မင်းကြီး မေရောဒပ္ဗါလဒန် သည် ဟေဇကိမင်း နာ ၍ ၊ အနာ ပျောက်သည်ကို ကြား သောကြောင့် ၊ မေတ္တာစာ နှင့် လက်ဆောင် ပါလျက်၊ တမန်တို့ကို စေလွှတ် လေ၏။

2ဟေဇကိ မင်းသည် သူ တို့ရောက်သောကြောင့်ဝမ်းမြောက် ၍ ၊ ရွှေတိုက် မှစသောရွှေ ၊ ငွေ ၊ နံ့သာ မျိုး၊ အဘိုးထိုက် သော နံ့သာ ဆီ၊ လက်နက် တိုက် နှင့် ဘဏ္ဍာ တော်အလုံးစုံ တို့ကို ပြ လေ၏။ နန်းတော် မှစ၍ နိုင်ငံ တော်အရပ်ရပ် ၌ မ ပြ သော အရာ တစုံတခုမျှ မ ရှိ။

3ထိုအခါ ပရောဖက် ဟေရှာယ သည် ဟေဇကိ မင်းကြီး ထံ တော်သို့သွား ၍၊ ထိုသူတို့သည် အဘယ်သို့ ပြော ကြပါသနည်း။ အဘယ် ပြည်မှ အထံတော်သို့ လာ ကြပါသနည်းဟု မေး လျှောက်သော်၊ ဟေဇကိ မင်းက၊ ဝေး သောအရပ် ၊ ဗာဗုလုန် ပြည်မှ ရောက် လာကြသည်ဟု ပြန်ပြော ၏။

4နန်းတော် ၌ အဘယ် အရာကို မြင် ကြပြီနည်းဟုမေး ပြန်လျှင်၊ ဟေဇကိမင်း က၊ နန်းတော် ၌ ရှိသမျှ ကို မြင်ရကြပြီ။ ဘဏ္ဍာ တော်တွင် ငါမပြ သောအရာ တစုံတခုမျှ မ ရှိဟုပြန်ပြော ၏။

5ထိုအခါ ဟေရှာယ က၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို နားထောင် လော့။

6နန်းတော် ၌ ရှိသမျှ ကို ၎င်း၊ ယနေ့ တိုင်အောင် ဘိုးဘေး တို့သည် ဆည်းဖူး သမျှကို၎င်း၊ ဗာဗုလုန် မြို့သို့ ယူသွား ရသောကာလ သည် ရောက် လိမ့်မည်။ တစုံတခု မျှ မ ကျန် ကြွင်းရဟု ထာဝရဘုရား မိန့် တော်မူ၏။

7သင် နှင့်နွှယ်၍ရသောသင် ၏ သား မြေးတို့ကိုလည်း ယူ သွား၍ ၊ သူတို့သည် ဗာဗုလုန် ရှင်ဘုရင် ၏ နန်းတော် ၌ ၊ လူပျို တော်လုပ် ရကြလိမ့်မည်ဟု ဟေဇကိ မင်းအား ပြောဆို လေ၏။

8ဟေဇကိ မင်းကလည်း ၊ သင်ပြန် ရသော ထာဝရဘုရား ၏ နှုတ်ကပတ် တော် ကောင်း ပါ၏ဟူ၍၎င်း၊ အကယ် စင်စစ်ငါ့ လက်ထက် ၌ ငြိမ်သက် ခြင်းနှင့် သစ္စာစောင့် ခြင်းရှိ ရလိမ့်မည်ဟူ၍၎င်း၊ ဟေရှာယ အား ဆို လေ ၏။

← Isaiah 38Read In The App, Free →Isaiah 40 →

Study Isaiah 39

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566