Isaiah 40:12
ရေ များကို လက် ဆွန်းဖြင့် ခြင် သောသူ၊ မိုဃ်း ကောင်းကင် ကို မိမိလက်ဖြင့် ထွာ သောသူ၊ မြေ မှုန့်ကို တင်းတောင်း ဖြင့် ချင့် တွက်သောသူ၊ တောင် ကြီးကို ချိန်ခွင် ဖြင့် ၎င်း၊ တောင် ငယ်ကို ကပ်ပယ် ဖြင့်၎င်း ချိန် သောသူကား အဘယ်သူ နည်း။
မြန်မာကျမ်းစာ
In The King James Version
In Context
13ထာဝရဘုရား ၏ ဝိညာဉ် ကို အဘယ်သူ စစ်ကြော သနည်း။ ထိုဘုရား နှင့် တိုင်ပင် ၍၊ အဘယ်သူသည် အကြံပေး သနည်း။
Cross References
Job 28:25လေ ကိုချိန် လျက်၊ ရေ ကိုလည်းခြင် လျက်၊ မြေကြီး စွန်း တိုင်အောင် ကြည့်ရှု ၍၊ ကောင်းကင် အောက် ၌ရှိသမျှ တို့ကို မြင် တော်မူ၏။
Psalms 102:25ကိုယ်တော်သည် ရှေ့ဦးစွာ ၌ မြေကြီး ကို တည် တော်မူပြီ။ မိုဃ်းကောင်းကင် သည်လည်း လက် တော်နှင့် ဖန်ဆင်း သောအရာဖြစ်ပါ၏။
Proverbs 8:26မြေကြီး နှင့် လယ် တောများကို မ ဖန်ဆင်း ၊ အဦးဆုံး သော မြေမှုန့် ကိုမျှ မဖန်ဆင်းမှီ၊ ငါ့ကိုဖြစ်ဘွားစေ တော်မူ၏။
Isaiah 48:13အကယ်စင်စစ်ငါ့ လက် သည် မြေ ကြီးကို တည် လေပြီ။ ငါ့ လက်ျာ လက်သည် မိုဃ်းကောင်းကင် ကို ကြက် လေပြီ။ ငါ ခေါ် ၍ သူ တို့သည် ချက်ခြင်း ပေါ် လာကြ၏။
Revelation 20:11တစ်ဖန်တုံ ၊ ဖြူ သောပလ္လင် ကြီး ကို၎င်း ၊ ပလ္လင် ပေါ်မှာ ထိုင် တော်မူသောသူ ကို၎င်း ငါမြင် ၏။ ကောင်းကင် နှင့် မြေကြီး သည် မျက်နှာ တော်ရှေ့မှ ပြေး လွင့်၍ သူ တို့နေစရာအရပ် မ ရှိ ။