Isaiah 40:11
မိမိ သိုးစု ကို သိုးထိန်း ကဲ့သို့ ကျွေးမွေး တော်မူ မည်။ သိုးသငယ် တို့ကို ချီ ၍ ပိုက် ပွေ့တော်မူမည်။ သားငယ် ရှိသောသိုးမတို့ကိုလည်း ဖြည်းညှင်းစွာ ပို့ဆောင် တော်မူမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 49:24သို့သော်လည်း သူ ၏လေး သည် အား မလျော့။ သူ ကိုင် သော လက်နက်တို့သည်၊ ယာကုပ် အမျိုး၌ တန်ခိုး ကြီးသော ဘုရား၏လက် ဖြင့်၎င်း၊ သိုးထိန်း တည်းဟူသောဣသရေလ အမျိုး၏ကျောက် ဖြင့်၎င်း၊
Psalms 28:9ကိုယ်တော် ၏လူစု ကို ကယ်တင် ၍ ၊ အမွေ တော် ကို ကောင်းကြီး မင်္ဂလာပေးတော်မူပါ။ သူ တို့ကိုအုပ်ထိန်း ၍ ၊ ထာဝရ ချီးမြှောက် ခြင်းရှိစေတော်မူပါ။
Psalms 80:1သိုးစု ကို ပို့ဆောင် သကဲ့သို့ ယောသပ် အမျိုးကို ပို့ဆောင်တော်မူသော ဣသရေလ သိုးထိန်း ကြီး၊ နားထောင် တော်မူပါ။ ခေရုဗိမ် တွင် ကျိန်းဝပ် တော်မူသော ဘုရား၊ ရောင်ခြည် တော်ကို လွှတ်တော်မူပါ။
Isaiah 49:9ထွက် ကြလော့ဟု ချုပ်ထား သောသူတို့ အား ၎င်း၊ ပေါ် လာကြလော့ဟု မှောင်မိုက် ထဲမှာ နေသောသူ တို့အား ၎င်း ပြော စေမည်အကြောင်း ၊ လူမျိုးအား ပဋိညာဉ်တရား ကို ပြုစရာဘို့ သင့်ကို ခန့်ထားမည်။ သို့ဖြစ်၍၊ ထိုသူတို့ သည် လမ်း ခရီးတို့အနား မှာ စား ရ၍ ၊ မြင့် သော အရပ်ရပ်တို့၌ ကျက်စား ရာကို တွေ့ရကြလိမ့်မည်။
Ezekiel 34:12ကွဲပြား လျက်ရှိသောမိမိ သိုး တို့တွင် သိုးထိန်း ရောက် သောအခါ ကြိုးစား၍ ရှာ သကဲ့သို့ ၊ ငါသည်လည်း ငါ့ သိုး တို့ကိုကြိုးစား၍ ရှာ မည်။ မိုဃ်းအုံ့ ၍ မိုက် သောနေ့ ၌ သူတို့ကွဲပြား သော အရပ်ရပ် တို့က ငါနှုတ်ဆောင် မည်။
Ezekiel 34:16ပျောက် သောသိုးကို ငါရှာ မည်။ သူတပါးနှင် သော သိုးကိုလိုက် ၍ ဆောင်ခဲ့မည်။ အရိုးကျိုး သော သိုးကိုအဝတ် နှင့်စည်းမည်။ အားနည်း သော သိုးကိုမစ မည်။ ဆူဖြိုး ၍ အား ရှိသောသိုးကိုကား၊ တရား အတိုင်း ကျွေးမွေး ၍ ကွပ်မျက် မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။