Isaiah 40:22
မြေကြီး စက် အပေါ် မှာ ထိုင် ၍ ၊ မြေကြီး သား တို့ကို နှံကောင် ကဲ့သို့ မှတ်တော်မူထသော၊ မိုဃ်းကောင်းကင် ကို မျက်နှာကြက် ကဲ့သို့ ကြက် ၍ ၊ နေ စရာ တဲ ကဲ့သို့ ဖြန့် တော်မူထသော၊
မြန်မာကျမ်းစာ
In The King James Version
In Context
23မင်း တို့ကို ရှုတ်ချ ၍၊ မြေကြီး တရားသူကြီး တို့ကို အနတ္တ ကဲ့သို့ ဖြစ် စေတော်မူသောသူ ပေတည်း။
Cross References
Numbers 13:33ကိုယ် ကြီးသောလူအမျိုးအနွယ်၊ အာနက အမျိုးအနွယ် ဖြစ်၍၊ အလွန် ကြီးမားသောသူတို့ ကိုလည်း မြင် ခဲ့ ကြပြီ။ သူတို့ရှေ့မှာငါတို့သည် ကိုယ် အထင် အတိုင်း နှံကောင် ကဲ့သို့ ဖြစ် ကြ၏။ သူ တို့အထင် အတိုင်း လည်း ထိုသို့ ဖြစ် ကြသည်ဟူ၍၎င်း၊ မိမိတို့စူးစမ်း သော ပြည် ကို ဣသရေလ အမျိုးသား တို့အား မကောင်း သော သိတင်းကို ကြားပြော ကြလေ၏။
Job 22:14မ မြင် နိုင်အောင် ထူထပ်သောတိမ် တို့သည် ကိုယ်တော် ကို လွှမ်းမိုး ကြ၏။ ကောင်းကင် စကြဝဠာ ထိပ်ပေါ်မှာ လှည့်လည် တော်မူသည်ဟု ဆို တတ်၏။
Job 36:29မိုဃ်းတိမ် တော်နှံ့ပြား ခြင်း၊ တဲ တော်အသံ မြည် ခြင်းကို အဘယ်သူနားလည် သနည်း။
Job 38:4မြေကြီး အမြစ်ကို ငါ တည် သောအခါ ၊ သင်သည် အဘယ်မှာ ရှိ သနည်း။ နားလည် လျှင် ဘော်ပြ လော့။
Psalms 29:10ထာဝရဘုရား သည် မိုဃ်း သက်မုန်တိုင်းပေါ် မှာ ထိုင် တော်မူ၏။ အကယ်စင်စစ်ထာဝရဘုရား သည် အစဉ် အမြဲရှင် ဘုရင်အရာနှင့် ထိုင် တော်မူ၏။
Psalms 102:25ကိုယ်တော်သည် ရှေ့ဦးစွာ ၌ မြေကြီး ကို တည် တော်မူပြီ။ မိုဃ်းကောင်းကင် သည်လည်း လက် တော်နှင့် ဖန်ဆင်း သောအရာဖြစ်ပါ၏။