Job 38:4
မြေကြီးအမြစ်ကို ငါတည်သောအခါ၊ သင်သည် အဘယ်မှာရှိသနည်း။ နားလည်လျှင် ဘော်ပြလော့။
1835 Judson Burmese Bible
In The King James Version
Where wast thou when I laid the foundations of the earth? declare, if thou hast understanding.
In Context
3လူယောက်ျားကဲ့သို့ သင့်ခါးကို စီးလော့။ ငါမေးမြန်းသော ပြဿနာတို့ကို ဖြေလော့။
5မြေကြီးအတိုင်းအရှည်ပမာဏကို အဘယ်သူ စီရင်သနည်း။ နားလည်လျှင်ပြောလော့။ မျဉ်းကြိုးကို အဘယ်သူတန်း၍ချသနည်း။
Cross References
Job 15:7သင်သည် အဦးဆုံးဘွားသောလူ ဖြစ်သလော။ တောင်များကို မဖန်ဆင်းမှီ သင့်ကိုဖန်ဆင်းသလော။
Psalms 102:25ကိုယ်တော်သည် ရှေ့ဦးစွာ၌ မြေကြီးကို တည် တော်မူပြီ။ မိုဃ်းကောင်းကင်သည်လည်း လက်တော်နှင့် ဖန်ဆင်းသောအရာဖြစ်ပါ၏။
Psalms 104:5မြေကြီးအမြစ်ကို ကာလအစဉ်အမြဲ မရွေ့မလှုပ် စေခြင်းငှါ၊ တည်တော်မူသော ဘုရားပေတည်း။
Proverbs 8:22ထာဝရဘုရားသည် ရှေးအမှုတော်ကို မပြုမှီ ထွက်ကြွတော်မူစကပင် ငါ့ကို ပိုင်တော်မူ၏။
Proverbs 30:4ကောင်းကင်ဘုံသို့ အဘယ်သူတက်သနည်း။ အဘယ်သူဆင်းလာသနည်း။ အဘယ်သူသည် လေကို မိမိလက်နှင့် ဆုပ်ထားသနည်း။ အဘယ်သူသည် ရေကို အဝတ်နှင့် ထုပ်ထားသနည်း။ မြေကြီးစွန်းရှိသမျှတို့ကို အဘယ်သူတည်စေသနည်း။ ထိုသို့ပြုသောသူ၏ အမည် နှင့်သူ၏သားအမည်ကား အဘယ်သို့နည်း။ သင်ပြော နိုင်သလော။
Hebrews 1:10တဖန် ကျမ်းစာလာသည်ကား၊ အိုထာဝရ ဘုရား၊ ကိုယ်တော်သည် ရှေးဦးစွာ၌ မြေကြီးကို တည် တော်မူပြီ။ မိုဃ်းကောင်းကင်သည်လည်း လက်တော်နှင့် ဖန်ဆင်းသောအရာ ဖြစ်ပါ၏။