Isaiah 41:20
သို့ ဖြစ်၍၊ ထာဝရဘုရား သည် ဤအမှုကို စီရင် ၍၊ ဣသရေလ အမျိုး၏ သန့်ရှင်း သော ဘုရားဖန်ဆင်း တော်မူကြောင်းကို ၊ ထိုသူအပေါင်းတို့သည် သိ မြင် ၍ ၊ ဆင်ခြင် နားလည် ကြလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 9:16အကယ်စင်စစ်ငါ့ တန်ခိုး ကို သင် ၌ ငါပြ ခြင်းငှါ ၎င်း၊ ငါ့ နာမ ကို မြေကြီး တပြင်လုံး တွင် ကျော်စော စေ ခြင်းငှါ ၎င်း၊ သင့် ကို ငါချီးမြှောက် ခဲ့ပြီ။
Job 12:9ဤ အမှုတို့ကို ထာဝရဘုရား စီရင် တော်မူကြောင်း ကို၊ ထိုတိရစ္ဆာန်တကောင် မျှ မ သိ ဘဲနေသလော။
Isaiah 28:29ထို အမှုသည်လည်း ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား အကြံပေးတော်မူသောအမှုတည်း။ အကြံ ပေးတော်မူခြင်းသည် အံ့ဩ ဘွယ်ဖြစ်၏။ ဉာဏ် တော် သည်လည်း ထူးဆန်း ပေ၏။
Isaiah 43:7ရှေး လူမျိုး ကို ငါ ခန့် ထားသည်မှစ၍ ၊ ငါ ကဲ့သို့ အဘယ်သူ သည် ဤအမှုတို့ကို ငါ့ အဘို့ ခေါ် ၍ ထုတ် ဘော် စီရင် နိုင်မည်နည်း။ ဖြစ် ဆဲသောအမှုနှင့် ဖြစ် လတံ့သော အမှုတို့ကို သူ တို့အား ဘော် ပြကြစေ။
Isaiah 44:23အိုမိုဃ်းကောင်းကင် တို့၊ သီချင်းဆို ကြလော့။ ထာဝရဘုရား ပြု တော်မူပြီ။ မြေကြီး အောက် အရပ်တို့၊ ကြွေးကြော် ကြလော့။ တောင် များ၊ တော နှင့်တကွသစ်ပင် များတို့၊ ကျူးဧ သောအသံကိုပေး ကြလော့။ ထာဝရဘုရား သည် ယာကုပ် ကို ရွေးနှုတ် တော်မူပြီ။ ဣသရေလ အားဖြင့် ဘုန်း ထင်ရှားတော်မူပြီ။
Isaiah 66:2ဤ အရာအလုံးစုံ တို့သည် ငါ့ ကိုယ်တိုင် ဖန်ဆင်း သောကြောင့် ဖြစ် ကြ၏။ စိတ်နှိမ့်ချ ခြင်း၊ နှလုံး ကြေကွဲ ခြင်း၊ ငါ့ စကား ကြောင့် တုန်လှုပ် ခြင်းရှိသောသူကိုသာငါကြည့်ရှု မည်။