The Bible Software
Isaiah · မြန်မာကျမ်းစာ

Isaiah 41

1တကျွန်း တနိုင်ငံ အရပ်တို့၊ ငါ့ ရှေ့ မှာ ငြိမ်ဝပ် စွာ နေကြ။ လူအမျိုးမျိုးတို့၊ အား ဖြည့် ကြ။ ချဉ်းကပ် ၍ ပြော ကြ။ တရား တွေ့ ကြကုန်အံ့။

2ဖြောင့်မတ် ခြင်းမင်္ဂလာ လိုက်တတ်သောသူကို အရှေ့ ပြည်က ၊ အဘယ်သူ ပေါ် လာစေသနည်း။ လူ အမျိုးမျိုးတို့ကို သူ ၌ အပ် ၍ ၊ ရှင်ဘုရင် တို့ကို အုပ်စိုးစေခြင်းငှါ၊ အဘယ်သူစီရင်သနည်း။ ရန်သူတို့ကို သူ ၏ထား ရှေ့မှာ မြေမှုန့် ကဲ့သို့ ၎င်း၊ သူ ၏လေး ရှေ့မှာ လွင့် သောဖွဲ ကဲ့သို့ ၎င်း အဘယ်သူဖြစ် စေသနည်း။

3ရန်သူ တို့ကို လိုက် ရ၏။ မိမိ ခြေ မ နင်း ဘူးသော လမ်း ဖြင့်၊ ဘေးမရှိ ၊ လွန်သွား ရ၏။

4ထိုအမှုများကို စီရင်ဖန်ဆင်းလျက်၊ ရှေ့ ဦးစွာမှ စ၍ လူမျိုး အစဉ်အဆက်တို့ကို ခေါ် သောသူသည် အဘယ် သူနည်းဟူမူကား၊ အဦး ဆုံးသောသူဖြစ် ၍၊ နောက်ဆုံး သောသူတို့ နှင့် ရှိသောငါ ထာဝရ ဘုရား ပေတည်း။

5တကျွန်း တနိုင်ငံအရပ်တို့သည် မြင် ၍ ကြောက် ကြ၏။ မြေကြီး စွန်း သားတို့သည် ထိတ်လန့် သောစိတ် နှင့် ချဉ်းကပ် ၍ စုဝေး ကြ၏။

6အိမ်နီးချင်းတယောက် ကို တယောက်မစ ၍ ၊ ညီအစ်ကို ချင်း တယောက်ကိုတယောက်၊ မ စိုးရိမ်နှင့်ဟု ဆို ကြ၏။

7ထိုသို့ ပန်းတဉ်း သမားသည် ပန်းထိမ် သမားကို နှိုးဆော် တတ်၏။ သံတူ နှင့် ချော စေသောသူသည်၊ ပေ ပေါ်မှာ ရိုက် သော သူကိုလည်း နှိုးဆော်၍၊ ဂဟေ ကောင်း သည်ဟု ဆို တတ်၏။ ရုပ်တု ကို မ လှုပ်ရှား စေခြင်းငှါသံချွန် နှင့် ရိုက် ထားတတ်၏။

8ငါ့ ကျွန် ဣသရေလ ၊ ငါရွေးချယ် သောသူ ယာကုပ် ၊ ငါ့ အဆွေ အာဗြဟံ ၏သား၊

9မြေကြီး အစွန်းအနား မှ ငါလက်ဆွဲ ၍ ခေါ်သောသူ ၊ သင် သည် ငါ့ ကျွန် ဖြစ်၏ဟူ၍၎င်း၊ သင့် ကို ငါရွေးချယ် ပြီ၊ သင့် ကို မ ပစ် မပယ်ဟူ၍၎င်း၊ ဂတိကို ခံရသောသူ၊

10မ စိုးရိမ် နှင့်။ ငါ သည် သင့် ဘက် မှာ ရှိ၏။ မကြောက်နှင့်။ သင် ၏ဘုရား သခင်ငါ သည် သင့် ကို ခိုင်ခံ့ စေမည်။ သင့် ကို စောင့်မ မည်။ ငါ့ သစ္စာ လက်ျာ လက်ဖြင့် ထောက် ပင့်မည်။

11သင် ၌ အမျက် ထွက်သောသူတို့ သည် ရှက်ကြောက် ခြင်းနှင့် မျက်နှာပျက် ခြင်း ရှိကြလိမ့်မည်။ သင် ၌ ရန်ပြု သောသူ တို့ သည် အဘယ်မျှ မဟုတ်သကဲ့သို့ ဖြစ် ၍၊ ရှင်းရှင်းပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်။

12သင် နှင့် ဆန့်ကျင် ဘက်ပြုသောသူ တို့ ကို သင် သည် ရှာ ၍ မ တွေ့ ရ။ သင့် ကို စစ်တိုက် သောသူ တို့ သည် အဘယ် မျှ မဟုတ်သကဲ့သို့ ၎င်း၊ အနတ္တ သက်သက်ကဲ့သို့ ၎င်း ဖြစ် ကြလိမ့်မည်။

13အကြောင်း မူကား၊ သင် ၏ဘုရား သခင်ထာဝရဘုရား က၊ မ စိုးရိမ် နှင့်။ ငါ မစ မည်ဟု သင့် အား ဆို လျက်၊ သင် ၏လက်ျာ လက်ကို ကိုင် မည်။

14အိုတီကောင် ယာကုပ် ၊ အမျိုး ငယ် ဣသရေလ ၊ မ စိုးရိမ် နှင့်။ ငါ သည် သင့် ကို မစ သောသူဖြစ် ၏။ သင့် ကို ရွေးနှုတ် သောသူသည်၊ ဣသရေလ အမျိုး၏ သန့်ရှင်း သော ဘုရားဖြစ်သည်ဟု ထာဝရဘုရား မိန့် တော်မူ၏။

15ငါ သည် သင့်ကို အသွား ရှိ သောစပါးနယ်စရာ ယန္တရား စက် အသစ် ဖြစ် စေမည်။ သင်သည် တောင် ကြီး တို့ကို နယ်၍ ညက် စေမည်။ တောင် ငယ်တို့ကို ဖွဲ ကဲ့သို့ ဖြစ် စေမည်။

16သူ တို့ကို လှေ့ ၍ ၊ လေ သည် သူ တို့ကို တိုက် သွား လိမ့်မည်။ မုန်တိုင်း လွှင့် လိမ့်မည်။ သင် မူကား ထာဝရဘုရား ၌ ဝမ်းမြောက် လိမ့်မည်။ ဣသရေလ အမျိုး၏ သန့်ရှင်း သော ဘုရား၌ ဝါကြွား လိမ့်မည်။

17ဆင်းရဲ သောသူနှင့် ငတ်မွတ် သောသူတို့ သည် ရေ ကိုရှာ ၍ မ တွေ့၊ ရေငတ် ၍ လျှာ သွေ့ ခြောက်သောအခါ၊ ငါ ထာဝရဘုရား သည် သူ တို့ စကားကို နားထောင် မည်။ ဣသရေလ အမျိုး၏ ဘုရား သခင်ဖြစ်သော ငါသည် သူ တို့ကို မ စွန့်။

18မြင့် သောအရပ်တို့၌ မြစ် ကို၎င်း၊ နိမ့် သော အရပ်တို့၌ စမ်းရေ ကို၎င်း ငါပေါက် စေမည်။ တော အရပ် ၌ ရေ ကန် များကို၎င်း ၊ သွေ့ ခြောက်သောအရပ် ၌ စမ်းရေ တွင်း များကို၎င်းငါ ဖြစ်စေမည်။

19တော ၌ အာရဇ် ပင်၊ အကာရှ ပင်၊ မုရတု ပင်၊ သံလွင် ပင် များကို၎င်း၊ လွင်ပြင် ၌ ထင်းရူး ပင်၊ တဒေရ ပင်၊ တာရှုရ ပင်များကို၎င်းရောနှော လျက် စိုက် မည်။

20သို့ ဖြစ်၍၊ ထာဝရဘုရား သည် ဤအမှုကို စီရင် ၍၊ ဣသရေလ အမျိုး၏ သန့်ရှင်း သော ဘုရားဖန်ဆင်း တော်မူကြောင်းကို ၊ ထိုသူအပေါင်းတို့သည် သိ မြင် ၍ ၊ ဆင်ခြင် နားလည် ကြလိမ့်မည်။

21သင် တို့၏ အမှု ကို စောင့် ကြလော့ဟု ထာဝရဘုရား မိန့် တော်မူ၏။ သင် တို့၏ခိုင်ခံ့သော သက်သေ များ ကို ထုတ် ပြကြလော့ဟု ယာကုပ် အမျိုး၏ ရှင်ဘုရင် မိန့် တော်မူ၏။

22ထုတ် ဘော်၍ အနာဂတ္တိအရာတို့ကို ငါ တို့အား ပြ ကြစေ။ အရင် ဖြစ် ဘူးသော အရာတို့သည် အဘယ်သို့ ဖြစ်သည်ကို ငါ တို့ ဆင်ခြင် ၍ ၊ ထိုအရာ တို့၏ အဆုံး ကို သိ ရမည်အကြောင်း ဘော် ပြကြစေ။ သို့မဟုတ် ၊ ဖြစ် လတံ့ သောအရာတို့ကို ငါ တို့အား ဟော ပြောကြစေ။

23သင် တို့သည် ဘုရား ဖြစ်သည်ကို ငါတို့ သိ ရမည် အကြောင်း ၊ ဖြစ် လတံ့သော အရာတို့ကို ပြ ကြလော့။ အချင်းချင်းတယောက်ကိုတယောက်ကြည့်ရှုတွေ့မြင်မည်အကြောင်း၊ ကောင်း သောအမှု၊ ဆိုး သောအမှု တစုံတခုကို ပြုကြလော့။

24သင် တို့သည် အဘယ် မျှမဟုတ်သော အရာ ထက်သာ၍ယုတ်မာ ကြ၏။ သင် တို့အမှု လည်း ၊ အဘယ်မျှ မဟုတ်သော အမှုထက်သာ၍ယုတ်မာ ၏။ သင် တို့ကို ရွေး ယူသောသူသည် ရွံ့ရှာ ဘွယ် ဖြစ်၏။

25မြောက် မျက်နှာ၌ လူတယောက်ကို ငါပေါ်ထွန်း စေ၍ ၊ သူသည် လာလိမ့်မည်။ နေ ထွက် ရာမှ လာ ၍ ငါ့ နာမ ကို ပဌနာ ပြုလိမ့်မည်။ အိုးထိန်း သမားသည် အိုးမြေ ကို နင်း သကဲ့သို့ ၊ ထိုသူသည် မင်း တို့ကို အိုးမြေ အမှတ်နှင့် ကျော်နင်း လိမ့်မည်။

26ငါတို့သည် သိ ရမည်အကြောင်း ၊ ရှေ့ဦး စွာမှစ၍ အဘယ်သူ သည် ဟော ပြောသနည်း။ မှန် ပေ၏ဟု ငါတို့ သည် ဆို ရမည်အကြောင်း ၊ ရှေးမဆွ က အဘယ်သူသည် ဟောပြောသနည်း။ ဘော်ပြ သော သူတယောက်မျှမ ရှိ။ ဟော ပြောသော သူတယောက်မျှမ ရှိ။ သင် တို့စကား ကို ကြား သောသူတယောက်မျှမ ရှိ။

27ဤမည်သောအမှုတို့သည် ဖြစ်ကြလိမ့်မည်ဟု ရှေး ဦးစွာ ငါသည် ဇိအုန် မြို့အား ပြော၏။ ဝမ်းမြောက်စရာ သိတင်း ကို ကြားပြောသော တမန်ကိုလည်း ၊ ယေရုရှလင် မြို့သို့ ငါစေလွှတ် ၏။

28သူတို့ကို ငါကြည့် ရှုသောအခါ ၊ တစုံ တယောက်မျှ မ ရှိ။ သူ တို့တွင် သတိပေး သော သူတယောက်မျှမ ရှိ။ ပြန်ပြော စေခြင်းငှါ သူ တို့ကို ငါမေးမြန်း သော်လည်း၊

29သူ တို့သည် အကြွင်းမဲ့အနတ္တ ဖြစ်ကြ၏။ သူ တို့ အမှု များလည်း၊ အဘယ်မျှမဟုတ်။ သူတို့သွန်းသော ရုပ်တု တို့လည်း အတ္တမရှိ၊ လေ သက်သက်ဖြစ်ကြ၏။

← Isaiah 40Read In The App, Free →Isaiah 42 →

Study Isaiah 41

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566